☔ 32

587 60 12
                                    

"ငါ...တစ်ကယ်ပဲ...မင်းကိုစိတ်ဆိုးတာထက်ပိုလာပြီရိပေါ်"

"ရှောင်းသခင်လေး"

တံမြက်စည်းသွားယူတဲ့ကောင်မလေးကမပြောရဲပေမယ့်ပြောချင်နေသလိုတုန်တုန်ယင်ယင်ဖြစ်နေတယ်။

"ပွဲကိုမင်းတို့ပဲစီစဉ်လိုက်ပါတော့ ဦးဆောင်ပေးမယ့်အခြားတစ်ယောက်လည်းရောက်လာပြီဆိုတော့ ငါမလာတော့ဘူး"

ရှောင်းကျန့်ကဘေးကကောင်မလေးတွေကိုပြောရင်းတမင်ရိပေါ်ကြားအောင်ရည်ရွယ်ခဲ့တာဖြစ်တယ်။သူ့ကိုမလိုတဲ့နေရာမှာသူကခိုမှီးနေမယ့်သူမဟုတ်ဘူး။မမြင်ချင်ရင်သွားလေ တဲ့။ဒါကသူ့သိက္ခာကိုဘယ်လောက်ထိတောင်စော်ကားလိုက်သလဲ။

"အယ်လီယာ မင်းသိအောင်တော့ငါပြောပြမယ် ဒီအိမ်ကိုငါ့သဘောနဲ့ငါရောက်လာခဲ့တာမဟုတ်သလို ငါ့သဘောနဲ့ငါနေနေတာလည်းမဟုတ်ဘူး"

ရှောင်းကျန့်ရိပေါ်ရှိတဲ့ဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးမှဆက်ပြောလိုက်တယ်။

"ဒါပေမယ့် အခုငါ့သဘောနဲ့ငါဆင်းတာ ဘယ်သူနှင်လို့မှမဟုတ်ဘူး"

အိမ်ထဲဝင်ပြီးဘယ်ပစ္စည်းကိုမှရှောင်းကျန့်မယူတော့ပဲပုံမှန်ခြေလှမ်းတွေနဲ့အပြင်ကိုပဲတန်းထွက်လာခဲ့တယ်။
ရှောင်းကျန့်ကပုံမှန်အတိုင်းဘာမှမဖြစ်သလိုလျှောက်သွားပေမယ့် ရှောင်းကျန့်လျှောက်သွားတဲ့လမ်းတစ်လျှောက်မှာခြေရာတွေကသွေးစွန်းနေတယ်။

"ရှောင်းကျန့်! ခဏနေဦး"

သူ့နောက်ကဝမ်ရိပေါ်ရဲ့ခေါ်သံကိုရှောင်းကျန့်လျစ်လျူရှုထားလိုက်တယ်။

"ရှောင်းကျန့်!"

သူ့ရဲ့လက်ကောက်ဝတ်ကနေဆွဲလှည့်လာတဲ့ဝမ်ရိပေါ်ကိုရှောင်းကျန့်ကအရင်လိုလွှတ်ပေးဆိုတဲ့စကားနဲ့ပဲပြောမနေတော့ပဲပြန်ဆောင့်ဆွဲရုန်းလိုက်တယ်။

ခြေဖဝါးကဖန်ခွဲစတွေကိုလျစ်လျူရှုရင်းရှောင်းကျန့်ဒီအိမ်နဲ့ဝေးရာကိုပဲပြေးလာခဲ့မိတယ်။သူတစ်ကယ်ပဲထပ်ပြီးမွန်းကြပ်မနေချင်တော့ဘူး။

"သခင်လေး ကျွန်မအပြစ်တွေပါ"

တံမြက်စည်းကိုင်ထားတဲ့ကောင်မလေးကရိပေါ်ဆီကိုပြောလာတယ်။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Where stories live. Discover now