☔ 16

576 56 5
                                    

ရှောင်းကျန့်ရဲ့စကားကိုကြားပြီးတဲ့နောက်မှာရိပေါ်ရဲ့မျက်ခုံးတွေကအလယ်ကိုတွန့်ကွေးသွားတော့တယ်။

"မလိုဘူး! ကျွန်တော်ဒီမှာပဲသင်ယူနိုင်တယ်"

သူ့ဆီကိုစူးစူးစိုက်စိုက်ကြည့်ရင်းပြောလာတဲ့ရိပေါ်ရဲ့စကားကိုရှောင်းကျန့်ကခေါင်းခပ်ဖွဖွရမ်းရင်းငြင်းပယ်တယ်။

"နိုင်ငံခြားကပိုကောင်းတယ်ရိပေါ် မင်းသွားရမယ်"

"ရှောင်းကျန့်...တစ်ကယ်ပဲ...
ခင်ဗျားမှာအကြံအစည်တစ်ခုခုရှိနေတာလား"

"ဘာ..."

"ဘာဖြစ်စေချင်တာလဲ! ခင်ဗျားကျွန်တော့်ကိုဘယ်လိုဖြစ်စေချင်နေတာလဲလို့ရှောင်းကျန့်!!"

သူ့ပုခုံးကိုလှုပ်ယမ်းရင်းမေးလာတဲ့ရိပေါ်ရဲ့လက်နှစ်ဖက်ကိုရှောင်းကျန့်ကဖယ်ချလိုက်တယ်။

"ရိပေါ်...မင်းမယုံနိုင်ဘူးဆိုတာသိပေမယ့် တစ်ကယ်ပဲ မင်းကောင်းဖို့ပါ
ငါလုပ်သမျှကမင်းအတွက်ပါရိပေါ်"

"ကျွန်တော်ကဘာတွေကောင်းဖို့လိုနေတာလဲဒယ်ဒီ ခင်ဗျားပြောစမ်းပါဦး!
ဝမ်ရိပေါ်ကို ခင်ဗျားကဘာအတွက်ကြောင့်များကောင်းစေချင်နေရတာတဲ့လဲ"

အံကြိတ်သံနဲ့ပြောလာတဲ့ရိပေါ်ရဲ့မျက်လုံးတွေကတစ်စုံတစ်ခုကိုသူ့ဆီမှာရှာဖွေနေဟန်တူတယ်။အရေးကြီးတဲ့အရာ တန်ဖိုးရှိတဲ့အရာတစ်ခုကိုရှာဖွေနေသလိုမျိုး။

"ငါ့မှာတာဝန်ရှိတယ်ရိပေါ် ငါကောကိုကတိပေးခဲ့ပြီးသား ငါကတိမဖျက်ချင်ဘူး ငါမင်းရဲ့အဖေအပေါ်မှာသစ္စာရှိတဲ့လူဖြစ်ချင်တယ်ရိပေါ်"

ရိပေါ်ရဲ့မျက်လုံးတွေကရဲနေပြီးနဖူးကအကြောတွေတောင်မြင်နေရတဲ့အထိ ဒေါသကိုထိန်းချုပ်နေပုံရတယ်။ရှောင်းကျန့်ကရိပေါ်ရဲ့ပုခုံးကိုထိဖို့လုပ်တာတောင် ရှောင်းကျန့်ရဲ့လက်ကခပ်ပြင်းပြင်းလက်ပြန်ပုတ်ချခံလိုက်ရတော့တာပဲ။

"ကျွန်တော့်အတွက်? ခင်ဗျားဘယ်လိုများကျွန်တော့်အတွက်လို့ပြောထွက်နိုင်သေးတာလဲဆိုတာ ကျွန်တော်အံ့ဩမိတယ် ခင်ဗျားလုပ်နေတာတစ်ကယ်တမ်းခင်ဗျားကိုယ်တိုင်အတွက်ပဲ ခင်ဗျားကျွန်တော့်ပါးအပေါ်မှာသစ္စာရှိတဲ့လူဖြစ်ချင်လို့ပဲမဟုတ်လား"

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Kde žijí příběhy. Začni objevovat