☔ 18

539 58 5
                                    

"ဝမ်ရိပေါ်ငါ့ကိုမဆွဲနဲ့!"

ဆိုင်ကယ်ပေါ်ကနေအိမ်ရဲ့အပေါ်ထပ်ထိဝရုန်းသုန်းကားဆွဲချခံလာရတာမလို့ရှောင်းကျန့်စိတ်တိုတိုနဲ့လက်ကိုပြန်ဆောင့်ဆွဲလိုက်တယ်။

"ဝမ်ရိပေါ်မင်းဘယ်လိုဖြစ်နေတာလဲ!"

"ခင်ဗျားကရောဘယ်လိုဖြစ်နေတာလဲ"

"ငါကဘာဖြစ်နေလို့လဲ! လိုက်ရမ်းကားနေတာမင်းမဟုတ်ဘူးလား"

"ဟုတ်တယ် ကျွန်တော်! အဲ့တာခင်ဗျားအပြစ်တွေပဲဒယ်ဒီ! ခင်ဗျားကျွန်တော့်ကိုလူဆိုးဖြစ်အောင်လုပ်နေတာ!"

"ငါ? တစ်ခါလာလည်းငါ! နောက်တစ်ခါလည်းငါ! မင်းအသက်ရှူနေတာတောင်ငါကအပြစ်ဖြစ်နေမှာလားဝမ်ရိပေါ် မင်းနှလုံးခုန်တိုင်းကငါကအပြစ်ဖြစ်နေမှာလား!"

သူ့စကားကိုကြားတော့အဲ့ဒီလူဆိုးကောင်လေးကသူ့ရဲ့ပုခုံးနှစ်ဖက်ကိုတင်းတင်းကျပ်ကျပ်ကိုင်ရင်းသူ့ရဲ့မျက်လုံးတွေဆီကိုရဲရဲတင်းတင်းစိုက်ကြည့်တယ်။

ဒီကောင်လေးကသူ့ကိုဆိုအားလက်ရဲဇက်ရဲနိုင်တာပဲ

"ဒါဖြင့်ရင်ကျွန်တော်လည်းခင်ဗျားကိုမေးပါဦးမယ် ကျွန်တော်နဲ့ရန်ဖြစ်တိုင်းရော ခင်ဗျားမှာဆင်းသွားစရာအဲ့ဒီကောင်အိမ်ပဲရှိတာလား"

"ငါသူ့ကိုယုံလို့လေ အဲ့တာကြောင့်ငါသူ့ဆီသွားတာ"

"ခင်ဗျားလူတိုင်းကိုယုံနေတာပဲလား"

"မင်းသတ်မှတ်ချင်သလိုသတ်မှတ်လိုက်ဝမ်ရိပေါ်! အရင်တည်းကလည်းငါ့တန်ဖိုးကိုမင်းပဲသတ်မှတ်နေတာပဲမဟုတ်ဘူးလား"

"ခင်ဗျားတစ်ကယ်ပဲတန်ဖိုးမရှိချင်တော့ဘူးလားရှောင်းကျန့်!!"

"မင်းအခုထိတစ်ကယ်ပဲနားမလည်သေးတာလား ငါကမင်းအမြင် မင်းလက်ထဲမှာပဲ တန်ဖိုးမရှိတာဝမ်ရိပေါ် သူ့အမြင်မှာငါကအဲ့လိုမဟုတ်ဘူး"

ရှောင်းကျန့်ရဲ့လက်မောင်းနှစ်ဖက်ကိုဖိကိုင်ထားတဲ့လက်ဖဝါးနှစ်ဖက်ကပိုပြီးတင်းကျပ်လာတယ်။စူးစူးရဲရဲကြည့်နေတဲ့မျက်လုံးတွေကသူ့ကိုတစ်စစီလုပ်ပစ်တော့မယ့်အတိုင်းပဲ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Where stories live. Discover now