☔ 34

532 54 11
                                    

ရှောင်းကျန့်ရဲ့မျက်ခမ်းစပ်တွေကရဲနေပြီးမျက်ရည်တွေကအရပ်အနားမရှိစီးကျနေတယ်။

"ကျန်တဲ့သူတွေပြောတာကဘာမှမဖြစ်ပေမယ့် အဲ့ဒီစကားကိုပြောတဲ့သူကမင်းဖြစ်နေတာငါနာတယ်ရိပေါ်
ငါအဲ့ဒီစကားကိုနာတာမဟုတ်ဘူး
ငါ့ကိုပြောလာတဲ့သူကမင်းဖြစ်နေတာကိုနာတာ!"

"......"

"သိလားဝမ်ရိပေါ်!! အဲ့တာကိုမင်းသိလား!!"

ရှောင်းကျန့်ရဲ့လက်သီးဆုပ်တွေကရိပေါ်ဆီကိုထုရိုက်လာတယ်။ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နေပြီးမငိုမိအောင်မနည်းထိန်းနေပုံပေါ်တယ်။

"ငါ့ဘဝတစ်လျှောက်လုံးမှာ ငါမင်းကိုပဲယုံခဲ့တာ! မင်းတစ်ယောက်တည်းကိုပဲယုံခဲ့တာ!! ငါယုံကြည်ထားတဲ့လူဆီကနေငါ့ကိုပြောလာခဲ့တာက ခင်ဗျားကိုမယုံခဲ့မိလို့တော်သေးတယ်ဆိုတဲ့စကားလေ! ငါမနာရဘူးလား ငါမနာသင့်ဘူးလား! မင်းပြော ဝမ်ရိပေါ်! မင်းပြောလေ!! မင်းအခုမှဘာမှမပြောနိုင်တော့တဲ့လူလိုငြိမ်မနေနဲ့! ငါ့ကိုရောမင်းကိုယ်ချင်းစာပေးနိုင်ရဲ့လားဝမ်ရိပေါ်! မင်းဘက်ကရောငါ့ကိုဘယ်နှစ်ခါပြန်ကြည့်ခဲ့လဲဝမ်ရိပေါ်! အဲ့တာကိုငါကမင်းကိုယုံကြည်ခဲ့မိသေးတယ်! တစ်ကယ်ပဲ ဒီနှစ်တွေထဲမှာငါဘာတွေများလုပ်ပစ်ခဲ့တာတဲ့လဲ!"

ရှောင်းကျန့်ဆီကလက်သီးဆုပ်တွေကရိပေါ်ဆီကိုပိုပြီးအရှိန်ပြင်းပြင်းကျရောက်လာတယ်။ရိပေါ်ရှောင်းကျန့်ရဲ့လက်သီးဆုပ်လေးတွေကိုဖွဖွလေးထွေးဆုပ်ထားလိုက်တယ်။

"အင်း အင်း ကျွန်တော်မှားတာ ကျွန်တော်မှားတာ ဟုတ်ပြီလားပေါင်ပေါင်း ခင်ဗျားစိတ်မဆိုးနဲ့တော့"

ရှောင်းကျန့်ရဲ့အသံကတုန်ရီနေတယ်။ရိပေါ်ကိုကြည့်လာတဲ့မျက်လုံးတွေကဝမ်းနည်းရိပ်တွေအပြည့်နဲ့။တုန်နေတဲ့နှုတ်ခမ်းတွေကြားကနေစကားသံတိုးတိုးလေးကြားရတယ်။

"ငါစိတ်ဆိုးအောင်လုပ်လို့တယ်
ငါစိတ်နာရင်တော့မင်းနောင်တရလိမ့်မယ်ရိပေါ်"
.
.
.
.
.
.
.
.
.
ညနေပိုင်းရောက်လာတာနဲ့အမျှရိပေါ်ရဲ့မွေးနေ့ပွဲကလူပိုပိုများလာတယ်။ရောက်လာတဲ့လူတွေကလည်းလက်ထဲမှာရှပ်ပိန်ခွက်တွေကိုယ်စီနဲ့။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora