အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
ကောင်းဖန်ရဲ့ စအိုဝဟာ တလဟော ပန်းထွက်လာခဲ့တဲ့ ရေစီးကြောင်းကြောင့် ပေါက်ကွဲထွက်သွားခဲ့ပြီး... လေထဲမှာ သွေးစိမ်းရှင်ရှင်တွေ ပန်းထွက်လာခဲ့ပါတယ်။
သူ့ရဲ့စအိုဝကနေ အစိမ်းရောင် အလင်းတန်း တစ်ခုဟာ ထိုးထွက်လာခဲ့ပေမယ့်... အပြင်ရောက်တာနဲ့ တပြိုင်နက် အစိမ်းရောင် မိုးအဖြစ် ရွာကျလာခဲ့ကာ... ကျန်တဲ့လူတွေရဲ့ အပေါ်ကို ကျရောက်ပြီးမှာ ကျဲပြန့်သွားခဲ့ပါတော့တယ်။
"ရွံစရာကြီးကွာ!" လင်းဖုန်းဟာ ရေရွတ်လိုက်ပြီး... ဒီအစိမ်းရောင် အလင်းတန်းကို ရှောင်ရှားခဲ့တယ်လေ။ သူဟာ ကျန်တဲ့သူတွေရဲ့ အပေါ်ကို ကျရောက်သွားပြီးတဲ့နောက်မှာ... ဒီအစိမ်းရောင် အလင်းတန်းလေးဟာ ပျောက်ကွယ်သွားခဲ့တာကို ကြည့်နေခဲ့ပါတယ်။
လင်းဖုန်းဟာ ရုတ်တရက်ပဲ နားလည်သဘောပေါက်သွားခဲ့ပါပြီ။ ဒီမဟာလမင်း အကြွင်းမဲ့ရေဟာ ပြည်သူလူထုတို့၏ မဟာမီးဖိုကြီးကို ဖောက်ထွက်လာနိုင်ခဲ့ပေမယ့်... ကောင်းဖန်ရဲ့ သန့်စင်မှုကြောင့် အနှစ်သာရ အစက်ငယ်လေးတွေ အဖြစ်ကို ပြောင်းလဲသွားခဲ့တာပါ။မဟာလမင်း အကြွင်းမဲ့ရေဟာ ဉာဏ်အမျှော်အမြင် ရှိတာဆိုတော့... ပြည်သူလူထုတို့၏ မဟာမီးဖိုကို ချိုးဖောက်လာပြီးနောက်မှာ... လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ခိုအောင်းချင်နေခဲ့မှာပါ။ အစောနက အစိမ်းရောင် အလင်းတန်းရဲ့ အများစုဟာ ဟန်ပြသဘောသာဖြစ်ပြီး... သူ့ဆီက အစိတ်အပိုင်း အသေးလေး တစ်ခုကသာ မဟာလမင်း အကြွင်းမဲ့ရေရဲ့ အဆီအနှစ်တွေကို ပိုင်ဆိုင်ထားတာပါ။
လင်းဖုန်းဟာ သူ့ရဲ့မျက်လုံးနဲ့ ဝေ့ကြည့်လိုက်ပြီး... ဘယ်သူကများ ဒီမဟာလမင်း အကြွင်းမဲ့ရေကို ပိုင်ဆိုင်တဲ့ ဖိုးကံကောင်း ဖြစ်လေမလည်းလို့ စဉ်းစားနေခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ... ဆောင်းခိုနေခဲ့တဲ့ မဟာလမင်း အကြွင်းမဲ့ရေဟာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ရဲ့ ရန်စခြင်းကို မခံခဲ့ရတော့... သူက ဒီလိုမျိုးလည်း တွေးချင်တွေးနေမှာပါ... "မင်းဘာသောက်တွေးတွေ တွေးနေသလည်းဆိုတာ ဘယ်သူက ဂရုစိုက်မှာလည်း? ငါက အခုအချိန်မှာ အိပ်ချင်နေပြီကွ..." ဒါကတော့ မဟာလမင်း အကြွင်းမဲ့ရေရဲ့ လက်ရှိအခြေအနေပဲ ဖြစ်ပါလိမ့်မယ်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...