အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
ရှောင်ယန်ဟာ ဆေးခန်းမဆောင်ရဲ့ မျက်နှာကျက်ကနေ ဖြာကျလာခဲ့တဲ့ ငွေရောင်အလင်းတန်းကို စိုက်ကြည့်နေခဲ့ပါတယ်။ အလင်းရောင်တွေရဲ့ အကြားမှာ စာပိုဒ်တစ်ပိုဒ်လုံးဟာ ဖြေးဖြေးချင်း ပေါ်လာခဲ့ပါတယ်။
သူဟာ ကောင်းကင်ဆေးလုံးရဲ့ တကယ့် ဆေးဖော်စပ်နည်းကို တစ်ခါမှ မတွေ့ဖူးသလို၊ ကောင်းကင်ဆေးလုံးကို တစ်ခါမှလည်း မသောက်ဖူးပါဘူး။ ဒါပေမဲ့လည်း ရှောင်ယန်က ဒီစာပိုဒ်ဟာ ကောင်းကင်ဆေးလုံးရဲ့ အစစ်အမှန် ဖော်စပ်နည်းဖြစ်တယ် ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဆေးအမယ် စာရင်းရဲ့ ပထမဆုံး စာကြောင်းဟာ 'ကောင်းကင်သို့ ခြေကိုးလှမ်း' ဆေးပင်ပဲ ဖြစ်ပါတယ်။
ရှောင်ယန်ရဲ့ မျက်လုံးအစုံဟာ စိတ်လှုပ်ရှားမှုတွေနဲ့ တောက်ပလာခဲ့ကာ၊ "ဆရာသခင်၊ ကျွန်တော်တို့ရဲ့ ဆေးခန်းမဆောင်က ရှိပြီးသား ဆေးလုံးတွေကို အသုံးပြုပြီး၊ သူတို့ရဲ့ ဖော်စပ်နည်းတွေကို ဖော်ထုတ်နိုင်တာလား?"
"ဒါပေါ့ကွ၊ ဒါပေါ့" လင်းဖုန်းက သူဟာ အရင်ကတည်းက သိထားပြီး၊ အခုမှ ရှောင်ယန်ကို အံ့အားသင့်အောင် လုပ်လိုက်တဲ့ ပုံစံမျိုးနဲ့၊ ခပ်တည်တည်ပဲ နေခဲ့ပါတယ်။
ဆေးလုံးဖော်စပ်ခြင်းဟာ ဆေးအမယ်တွေရဲ့ အထဲက ဆေးဝါး အဆီအနှစ်တွေနဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို မဆုံးရှုံးအောင် ထိန်းသိမ်းရရုံတင် မကပဲ၊ မြောက်မြားလှစွာသော ရှုပ်ထွေးတဲ့ ပေါင်းစပ်မှုတွေနဲ့ ပြောင်းလဲမှုတွေ ပါပါသေးတယ်။
ဆေးဖော်စပ်နည်းဟာလည်း ဆေးအမယ်တွေကို စာရင်းပြုစုပေးရုံသက်သက် မဟုတ်ပဲ၊ ကျွမ်းကျင်စွာ ပြုလုပ်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို ပေါင်းစည်းထားတာပဲ ဖြစ်ပါတယ်။
စွမ်းအား အမတန်ကြီးမားတဲ့ အင်မော်တယ် ဝိညာဉ် အဆင့်က ကျင့်ကြံသူတွေကတောင်၊ ရှိပြီးသား ဆေးလုံးတွေကနေ ဆေးဖော်စပ်နည်း အပြည့်အစုံကို ထုတ်ဖော်ဖို့ဆိုတာဟာ မဖြစ်နိုင်ပါဘူး။
အဆင့်နိမ့်ဆေးလုံး တစ်ချို့တစ်လေကိုတော့ လုပ်ကောင်းလုပ်နိုင်ပေမဲ့၊ ပိုပြီး အဆင့်မြင့်တဲ့ ဆေးလုံးတွေကိုတော့ မလုပ်နိုင်ဘူးဆိုတာ မေးခွန်းထုတ်နေစရာ မလိုပါဘူး။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...