အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်

525 60 1
                                    

အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်

"လောင်းမယ်?" လင်းဖုန်းက အမှုမထားသောပုံဖြင့် ပြန်ပြောလိုက်သည်။ "ငါတို့က ဘယ်အပေါ်မှာ လောင်းကြမှာလဲ?"

ချောင်ဝေက ပြန်ပြောလိုက်သည်။ "ငါတို့ရဲ့ တပည့်တွေ အပေါ်မှာ လောင်းကြမှာပေါ့"

အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ တစ်အုပ်စုတို့သည် စိတ်ဝင်စားလာကြပြီး၊ လင်းဖုန်းနှင့် ချောင်ဝေတို့၏ အပေါ်တွင် အာရုံစိုက်လာကြသည်။ အပြာရောင်ခန်းမ သူတော်စင်က သူ၏ မျက်မှောင်ကြီးကို ကြုတ်လိုက်ပြီး၊ လက်ဝဲမင်းသားရှန်က ပြက်ရယ်ပြုလိုက်သည်။ "ချောင်ဝေ၊ မင်းက ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လုပ်နေပြီး၊ အင်မော်တယ် ဝိညာဉ် အဆင့်က ကျင့်ကြံသူတစ်ယောက် အနေနဲ့၊ အရှက်လေးဘာလေး နည်းနည်းပါးပါးတောင် မရှိဘူးလား?"

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် လတ်တလောတွင် နာမည်ရလာခဲ့သော်လည်း၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများသည် ကြားရရုံနှင့် မယုံကြပေ။ သူတို့က မျက်မြင်ကိုယ်တွေ့ ကြုံရမှသာ ယုံကြမည် ဖြစ်သည်။

သူတို့သည် ယန်ချင်၏ လက်ရှိ အခြေအနေကို တွေ့ခဲ့ပြီး ဖြစ်၍၊ ချောင်ဝေက ဤအခြေအနေကို အခွင့်ကောင်းယူ၍ အလောင်းအစား ပြုလုပ်ခြင်း ဖြစ်သည်ဟု သိနေကြခြင်း ဖြစ်သည်။

လက်ဝဲမင်းသားရှန်၏ တုံ့ပြန်မှုကို၊ ချောင်ဝေသည် အရေးပင် မစိုက်ခဲ့ပေ။ သူက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ "ခင်ဗျားက မလောင်းချင်ဘူး ဆိုရင်လည်း၊ လက်ရှောင်လို့ ရပါတယ်"

လောင်းကစား တစ်ခု အကြောင်းကို ဆွေးနွေးနေကြသည်ကို ကြားရသောအခါ၊ စိတ်အလှုပ်ရှားဆုံးသူမှာ လောင်းကစား သူတော်စင် ကျူးကော်ကွမ်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် သူသည် မျက်မှောင်ကြီးကို ကြုတ်ထားခဲ့သည်။ အကယ်၍ လင်းဖုန်းကသာ အလောင်းအစားအား ငြင်းပယ်လိုက်ပါက၊ ယန်ချင်အား မလေးစားရာ ကျပေလိမ့်မည်။

တစ်ယောက်သည် လင်းဖုန်းနှင့် ချောင်ဝေတို့၏ အဆင့်အတန်းကို ရောက်သွားပါက၊ နောက်ထပ် သက်သေပြစရာ ထပ်မလိုတော့ပေ။ ထို့ကြောင့် မျက်နှာပျက်ခြင်းနှင့် မာနတရားတို့သည် သိပ်အရေးမပါလှချေ။ သို့သော်လည်း လင်းဖုန်းကသာ အညံ့ခံလိုက်ပါက၊ သူ့တပည့်တို့၏ အသင်းစိတ်ဓာတ်အား ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားကာ၊ ယန်ချင်၏ နဂိုကမှ ယိုင်နဲ့နေသော စိတ်ဓာတ်သည် ပြိုဆင်းသွားပေလိမ့်မည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeHikayelerin yaşadığı yer. Şimdi keşfedin