အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးရဲ့ နေရာကို အကြမ်းဖျင်း တွက်ချက်လိုက်ပြီး နောက်မှာတော့၊ လင်းဖုန်းဟာ ဆုံးဖြတ်ချက် ချလိုက်ပြီး စက်ဝိုင်းကားချပ်ကို လှည့်လိုက်ပါတယ်။
လင်းဖုန်းဟာ လည်ပတ်နေတဲ့ စက်ဝိုင်းကားချပ်ကို ရင်ခုန်စွာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။ အပတ်သုံးပတ် ပတ်ပြီးသွားတဲ့ နောက်မှာတော့ စက်ဝိုင်းကားချပ်ဟာ အရှိန်လျော့လာခဲ့ပြီး၊ နောက်ထပ် အပတ်တစ်ဝက် ပတ်သွားအပြီးမှာတော့ သူဟာ ရပ်လုဆဲဆဲ ဖြစ်သွားခဲ့ပါပြီ။
လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ ကျဉ်းမြောင်းသွားခဲ့ပါတယ်။ သူ့ရဲ့ တွက်ချက်မှုအရ စက်ဝိုင်းဟာ သုံးပတ်ခွဲ ပတ်သွားပြီးရင်၊ စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးရှိတဲ့ တတိယမြောက် အကွက်မှာ ရပ်တန့်ရမှာ ဖြစ်ပါတယ်။
စည်းမျဉ်းအရ ဆိုရင်၊ စက်ဝိုင်းဟာ သုံးပတ်ခွဲ ပတ်ပြီးသွားရင် တစ်ကွက်နဲ့ လေးကွက်အကြားမှာ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
လင်းဖုန်းဟာ အရင်တစ်ခေါက်တုံးက တတိယ အကွက်ကို ရွေးချယ်ခဲ့ပြီး အောင်မြင်ခဲ့တော့၊ အခုတစ်ခေါက်မှာလည်း အရင်အတိုင်း တတိယ အကွက်ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လေးပုံတစ်ပုံ ဖြစ်နိုင်ချေဟာ သူ့ကို အခေါက်တိုင်းမှာ မျက်နှာသာ ပေးခဲ့တာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ကံကောင်းခြင်း နတ်ဘုရားဟာ လင်းဖုန်းရဲ့ ပခုံးပေါ်ကနေ ကျော်သွားခဲ့ပါတယ်။ စက်ဝိုင်းကားချပ်ဟာ သုံးပတ်ခွဲ ပတ်အပြီးမှာ ဒုတိယ အကွက်မှာ ရပ်သွားခဲ့ပြီး၊ နောက်ထပ် တစ်လက်မလောက် ထပ်ရွေ့ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။
လင်းဖုန်းကလည်း သူ့ရဲ့ခေါင်းကို ခါလိုက်ပါတယ်။ ကံတရားပေါ်မှာ မှီခိုရတဲ့ အရာတွေကို အတင်းအကြပ် လုပ်လို့ မရပါဘူး။
သူရခဲ့တဲ့ ဆုကို ကြည့်လိုက်ပြီးတော့၊ လင်းဖုန်းဟာ သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပါတယ်။ ကံစမ်းမဲ စမနှိုက်ခင်မှာ၊ သူဟာ အခြားရနိုင်တဲ့ ဆုမဲတွေကို လေ့လာခဲ့ပြီးသား ဖြစ်ပါတယ်။
أنت تقرأ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
مغامرة✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...