အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု

519 75 0
                                    

အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု

"ခရမ်းရောင် အဆောင်လက်ဖွဲ့ တစ်ဒေါ်လာ!"

ပိုင်ကျန်းနဲ့ ဝဝပုပု အကြီးအကဲတို့ရဲ့ဘေးက… မဟာလမင်း ဓားကို လေ့ကျင့်ထားတဲ့ အားနည်းပုံ ပေါက်နေတဲ့ အကြီးအကဲဟာ ဈေးနှုန်းကို တိုက်ရိုက်ပဲ ဆွဲမြှင့်လိုက်ပါတယ်။

ဈေးနှုန်းဟာ ကြီးမားတဲ့ ပမာဏ တစ်ခုကို မြှင့်တက်သွားခဲ့တာပါ။

ခရမ်းရောင် အဆောင်လက်ဖွဲ့ တစ်ဒေါ်လာဟာ အနီရောင် အဆောင်လက်ဖွဲ့-ဒေါ်လာ တစ်ရာနဲ့ ညီမျှပါတယ်။

စူတောင်ဓားဂိုဏ်းဟာ ဓားပညာရပ် အရာမှာ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်ပြီး… သူတို့ဟာ အဆောင်လက်ဖွဲ့တွေ အကြောင်းကိုတော့ သိပ်မသိပါဘူး။ ဒါပေမဲ့လည်း ဒါက သူတို့ကို အဆောင်လက်ဖွဲ့ပေါင်း မြောက်မြားစွာတို့ကို သိမ်းဆည်းစုဆောင်း ထားခြင်းကနေ မရပ်တန့်နိုင်ခဲ့ပါဘူး။

ဒီလေလံပွဲမှာ ရှိတဲ့လူတွေ အားလုံးထဲမှာ… ကောင်းကင်ကုန်သည် ဂေဟာက စီစဉ်သူတွေကလွဲရင်… စူတောင်ဓားဂိုဏ်းက မိသားစုတွေဟာ ဘဏ္ဍာရေး အခြေအနေ အတောင့်တင်းဆုံးလို့ ဆိုနိုင်ပါတယ်။

"ခင်ဗျားက ဒီအနီရောင် ရတနာ မိုးကြိုးတာဝါကို တကယ်ပဲ လိုချင်နေတာလား? မဟုတ်ဘူး ဆိုရင်တော့… စူတောင်ဓားဂိုဏ်းနဲ့ သွားမယှဉ်ပြိုင်ပါနဲ့။ ကျုပ်က ခင်ဗျားကို ထောက်ပံ့ပေးနိုင်ပေမဲ့… ကျုပ်တို့နှစ်ယောက်က ရှိသမျှ အကုန်ပေါင်းရင်တောင်မှ လုံလောက်မှာ မဟုတ်ဘူး…" မြောင်ရှီးဟောင်က အသံလွှင့်လိုက်ပြီး… "အနောက်မှာက ပိုကောင်းတဲ့ အိုင်တမ်တွေ အများကြီး လာဦးမှာ…"

လင်းဖုန်းရဲ့ အေးရီးစ်ကိုယ်ပွားကတော့ ထိုင်ခုံပေါ်မှာ ခပ်တည်တည်နဲ့ပဲ တည့်မတ်စွာ ထိုင်နေခဲ့ပါတယ်။ သူက ဟင်းလင်းပြင်ရဲ့ အလယ်က စွန်းဖူရဲ့ ဘေးမှာရှိနေတဲ့… အနီရောင် ရတနာ မိုးကြိုးတာဝါကို စိုက်ကြည့်နေခဲ့တာပါ။

ရှောင်ယန်ကလည်း သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး မေးလိုက်ပါတယ်… "ဆရာသခင်?"

အေးရီးစ်ကိုယ်ပွားကလည်း ရယ်လိုက်ပြီး… "မင်းရဲ့ သဘောပဲ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ