အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း

625 74 1
                                    

အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း

ဂိုဏ်းချုပ်ရဲ့ အခမ်းအနား ပြီးဆုံးသွားတော့၊ လင်းဖုန်းရဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဟာ တရားဝင် ဖွင့်လှစ်လိုက်ပြီး တပည့်တွေကို လက်ခံလိုက်ကာ၊ နေ့ရဲ့ အဆုံးကိုလည်း ရောက်လာခဲ့ပါတယ်။

အနှစ်ချုပ်လိုက်ရင် လင်းဖုန်းရဲ့ ခေါင်းဆောင်မှုကနေ၊ သူ့ရဲ့ တပည့် လေးယောက်တို့ဟာ သူတို့ရဲ့ သီးသန့်မှော်ကျိန်စာတွေနဲ့ ရန်သူတွေရဲ့ ဝန်းရံတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့ကာ၊ သူတို့ရဲ့ ရန်သူတွေကို ညှာတာမှု ကင်းမဲ့စွာနဲ့ အနိုင်ခဲ့ပါတယ်။

အလားအလာ တန်ဖိုး ၂၅နဲ့ အထက်ရှိတဲ့ ပါရမီရှင် တပည့် ၃၄ယောက်တို့ကို လက်ခံနိုင်ခဲ့ပြီး၊ လင်းဖုန်းဟာ သူ့ရဲ့ ချမှတ်ထားတဲ့ အရေအတွက်ကို ပြည့်မှီခဲ့ပါတယ်။

ဒါဟာ တကယ့်ကို အောင်မြင်ပြီး အရှိန်ရစေတဲ့ ဂိုဏ်းဖွင့်လှစ်ခြင်း အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါတယ်။

တကယ်တမ်းဆိုရင် လက်ခံခဲ့တဲ့ တပည့် အရေအတွက်ဟာ ၅၀ကျော် ရှိတာပါ။ အလားအလာ တန်ဖိုး ၂၅ကျော်တဲ့သူတွေ အပြင်၊ ၂၀ကျော်တဲ့ သူတွေကလည်း ၂၅ယောက်လောက် ရှိပါသေးတယ်။

ဒီအုပ်စုထဲမှာ တစ်ချို့ ကိုယ်ရည်ကိုယ်သွေး ကောင်းတဲ့သူနဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ တစ်ချို့ကိုလည်း လင်းဖုန်းက လက်ခံခဲ့ပါတယ်။

ဒါက သူ့ရဲ့ ပထမဦးဆုံး ဂိုဏ်းကို စတင်တည်ထောင်ခြင်း ဖြစ်တဲ့အတွက်၊ လင်းဖုန်းဟာ အရည်အတွက် အစား အရည်အချင်းကို ဦးစားပေးနေခဲ့ပါတယ်။ သူ့ရဲ့ဂိုဏ်းဟာ စတင်ဖူးပွင့်တဲ့ အဆင့်မှာသာ ရှိနေသေးပြီး၊ အရင်းအမြစ်တွေ မလုံလောက်သေးပဲ လေ့ကျင့်သင်ကြားဖို့ လူအင်အားလည်း မလုံလောက်သေးတဲ့ အတွက်၊ တစ်ခါတည်းနဲ့ တပည့်တွေကို အမြောက်အမြား လက်ခံခြင်းဟာ လက်တွေ့မကျပါဘူး။

ဒါ့ကြောင့်မို့ပဲ အလားအလာ ကောင်းပေမဲ့ ပင်ကိုစွမ်းရည် မလုံလောက်တဲ့ တပည့်တွေ အများကြီးကို ရှကျိုးမှာကတည်းက စိစစ်ထုတ်ခဲ့ရပါတယ်။ ဒါက ရက်စက်ရာကျပေမဲ့ လင်းဖုန်းဟာ သူ့ရဲ့စိတ်ကို တင်းထားခဲ့ရပြီး၊ လိုအပ်တာကို လုပ်ခဲ့ရပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicodeحيث تعيش القصص. اكتشف الآن