အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ

554 67 1
                                    

အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ

ရှောင်ပုတန်လေးကို ကြည့်လိုက်ပြီးနောက် လင်းဖုန်းအား ကြည့်လိုက်ကာ၊ ကွေနွားတစ်ကောင်ချင်းဆီ၏ မျက်လုံးတို့သည် ပြူးကျယ်ကုန်ကြပြီး တိုင်ပင်ထားသည်အတိုင်း တပြိုင်နက် အော်ဟစ်လိုက်ကြသည်။

တောင်ကုန်းလေးပေါ်တွင် ကျူးကော်ဖန်းလင်၏ မျက်လုံးအစုံသည် ပို၍ ပြူးကျယ်သွားခဲ့ကာ၊ ဆွံ့အသွားခဲ့၏။ သူမ၏ပုခုံးပေါ်တွင် ရွှေရှာကြွက်လေးသည် အော်ဟစ်လိုက်၏။ "တပည့်ကတောင် ဒီလောက်ကြမ်းနေပြီ… ဆရာက?" ဖန်းလင်း၊ ပြေး၊ ပြေး! ဒီလူက… တစ်ရာ၊ မဟုတ်သေးဘူး၊ နင့်လိုမျိုး လူတစ်ထောင်ကတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး!"

သတိပြန်ဝင်လာခဲ့သော ကျူးကော်ဖန်းလင်သည် ခေါင်းကို အပြင်းအထန် ညိတ်လိုက်ကာ၊ အနောက်ကိုလှည့်၍ အမြန်ပြေးရန် ဟန်ပြင်လိုက်၏။

ဒီအချိန်တွင် အသံတစ်သံသည် သူတို့၏ နားအတွင်းတွင် ပေါ်လာခဲ့၏။ "အစောကြီး ထွက်သွားတော့မလို့လား?"

ကျူးကော်ဖန်းလင်နှင့် ရွှေရှာကြွက်လေးတို့အား ခရမ်းရောင် ဓာတ်ငွေ့များသည် ဖုံးလွှမ်းသွား၏။ သူတို့နှစ်ယောက် စလုံးတို့သည် သူတို့၏မျက်လုံးအရှေ့ရှိ ကမ္ဘာကြီးသည် ချာချာလည်သွားသည်ဟု ခံစားလိုက်ရ၏။ သူတို့၏ မြင်ကွင်းများ ပြန်လည်ကြည်လင်လာချိန်တွင်၊ လင်းဖုန်း၏ ပဟေဠိဆန်လှသော မျက်နှာသည် သူတို့၏ အရှေ့တွင် ပေါ်လာခဲ့၏။

ကျူးကော်ဖန်းလင်သည် ဟန်လုပ်ကာ အစွမ်းကုန် ပြုံးပြလိုက်၏။ "ဒီ.. ဒီက ဆရာသခင်ကို၊ ကျွန်မတို့က ဘာများလုပ်ပေးရပါ့မလဲ?"

လင်းဖုန်းသည် သူမအား ခေတ္တမျှ အကဲခတ်လိုက်၏။ သူ၏အကြည့်တို့သည် သူမ၏ ပုခုံးပေါ်မှ ရွှေရှာကြွက်လေးပေါ်သို့ ကျရောက်သွား၏။

ရွှေရှာကြွက်လေးသည် တုန်ခါသွားပြီး၊ လူသားလေသံဖြင့် ပြောလိုက်သည်။ "ဟုတ်၊ ဟုတ်ကဲ့၊ ဆရာသမား၊ နိမ့်ကျလှတဲ့ ကျွန်တော်မျိုးက ဘာများလုပ်ပေးရပါ့မလဲ? ကျေးဇူးပြုပြီး ညွှန်ကြားပါ!"

"မင်းတို့က ငါ့ကို အလောင်းအစား လုပ်ချင်နေတာ မဟုတ်ဘူးလား?" လင်းဖုန်းက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ "ဟိုကွေနွားတွေက ဘာကို စောင့်ရှောက်နေကြတာလဲ? ဘာရတနာများလဲ?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now