အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ

551 68 3
                                    

အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ

လင်းဖုန်းနဲ့ ရောင်းရင်းတို့ဟာ ခွန်းလွန်တောင်ကို ဦးတည်ပြီး… လင်းယွင်တောင်ထိပ်ရဲ့ အနီးအနားကို ရောက်ရှိလာခဲ့ပါတယ်။ ဟင်းလင်းပြင်ကို ချိုးဖောက်ဝင်ရောက်လိုက်တော့… ယုကျင်းတောင်ပေါ်က မဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ ဆီးကြိုမှုကို ခံလိုက်ရပါတယ်။

ယုကျင်းတောင်ပေါ်ကို ခြေချလိုက်တော့… မြောင်ရှီးဟောင်ဟာ အံ့ဩတုန်လှုပ်နေတဲ့ပုံ ပေါက်နေခဲ့ပါတယ်။ ယုကျင်းတောင်နဲ့ မဟူရာကောင်းကင် ရတနာသစ်ပင်ကို စိုက်ကြည့်နေခဲ့ပြီး… အချိန်အတော်ကြာအောင် မှင်သက်နေခဲ့ပြီးမှ နောက်ဆုံးမှာ… "အခုတော့ လူတွေနေထိုင်ဖို့ သင့်တော်တဲ့ နေရာတစ်ခုကို ရောက်ခဲ့ပြီပဲ…"

တစ်စုံတစ်ယောက်က ယုကျင်းတောင်ကို တွေ့လိုက်ပြီး အံ့ဩတကြီး ဖြစ်သွားတဲ့ အချိန်တိုင်းမှာ… လင်းဖုန်းဟာ ရင်ထဲကနေ ပီတိတွေ ဝေဖြာနေခဲ့ပါတယ်။

ဒါပေမဲ့လည်း သူဟာ မြောင်ရှီးဟောင်ရဲ့ မှတ်ချက်ကို ခြောက်ကပ်စွာနဲ့ ရယ်လိုက်ပြီး… "ခင်ဗျား ဒီလို ပြောလိုက်တာက… လူတွေ ဘယ်လောက်များများကို စိတ်ဆိုးသွားစေမလည်း ဆိုတာကို မိုးနတ်မင်းကြီးမှပဲ သိလိမ့်မယ်ဗျ…"

သူတို့အုပ်စုဟာ မဟူရာကောင်းကင် ရတနာသစ်ပင်ဆီကို ဦးတည်ပြီး လျှောက်သွားတော့… သူတို့ဆီကို ပြေးလာနေတဲ့ ကလေးငယ် ဆယ်ယောက်ကျော် အုပ်စုကို တွေ့လိုက်ပါတယ်။

ဒီကလေးလေးတွေဟာ ပုံစံကျနတဲ့ ခရမ်းရောင် ဝတ်စုံတွေကို ဝတ်ဆင်ထားပြီး… သူတို့ရဲ့ ဖြူဖွေးနေတဲ့ မျက်နှာပြင်ပေါ်မှာ ပါးအို့နီနီလေးတွေကို တွေ့နိုင်ပါတယ်။ သူတို့တစ်ယောက်ချင်းဆီဟာ သူ့ဟန်နဲ့သူ ချစ်စရာ ကောင်းနေကြပါတယ်။

သူတို့ရဲ့ မျက်လုံးအစုံဟာ မွေးကင်းစ ကလေးငယ်လို တောက်ပနေခဲ့ပြီး… သူတို့ကိုယ်ပေါ်မှာ စွမ်းအားကောင်းတဲ့ အော်ရာတစ်ခုကို ခံစားနေနိုင်ပါတယ်။ သူတို့ရဲ့ စိတ်တွေဟာ ကလေးဆန်တဲ့ အပြစ်ကင်းစင်မှုတွေနဲ့ စွဲမြဲနေခဲ့ပြီး… အပြင်ကမ္ဘာက ရှုပ်ထွေးမှုတွေဟာ သူ့တို့ရဲ့ အမူအရာမှာ မတွေ့နိုင်ခဲ့ပါဘူး။ သူတို့တတွေကတော့ လင်းဖုန်းက ဆေးဝါးတစ်ရာဂိုဏ်းကနေ ခေါ်ပြန်လာခဲ့တဲ့ ကလေးတစ်သိုက်ပဲ ဖြစ်ပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now