အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
လင်းဖုန်းဟာ သူ့ရဲ့ထိုင်ခုံမှာ တည့်မတ်စွာ ထိုင်လိုက်ပြီး… မြောက်မြားလှစွာသော အသိစိတ် အာရုံတို့ရဲ့ အပြန်အလှန် ဆက်သွယ်မှုတွေကို သေချာစွာ အာရုံစိုက်နေခဲ့ပါတယ်။
ဆက်သွယ်မှု အမြောက်အမြားတို့ဟာ သီးသန့် ကျင့်ကြံသူ အချင်းချင်းတို့ရဲ့ ဆက်သွယ်မှုတွေသာ ဖြစ်ကြပြီး… ရှုပ်ထွေးနေခဲ့ကာ အစီအစဉ်တကျ မရှိနေခဲ့ပါဘူး။ သူဟာ ကောင်းကင်ကုန်သည်များ ဂေဟာက ပေးထားတဲ့ ဥက္ကာခဲ အခန်းလေးရဲ့ အကူအညီနဲ့… သူက ဘယ်သူဘယ်ဝါ ဆိုတာနဲ့ ကျင့်ကြံမှု အဆင့်တွေကို ဖုံးကွယ်ထားပြီး အလွယ်တကူ လေ့လာနိုင်ခဲ့တာပါ။
စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ခင်းကျင်းပြသမှုတို့ဟာ မျက်နှာချင်းဆိုင် ပြုလုပ်နေကြတာ မဟုတ်ပဲ… စိတ်ဝိညာဉ် အာရုံတွေနဲ့သာ ဘယ်သူက ဘာဝယ်ချင်တယ် ဆိုတာကို ဖော်ပြနေကြတာပါ။ လူများစွာတို့ရဲ့ စိတ်ဝင်စားမှုတို့ဟာ ရတနာပစ္စည်းတွေ.. အိုင်တမ်တွေ.. တာအိုနည်းစနစ်တွေ.. မှော်ကျိန်စာတွေ စသဖြင့် ကွဲပြားနေကြပါတယ်။
စိတ်ဝိညာဉ် အာရုံတို့ရဲ့ စုစည်းမှုကနေ အသိစိတ် စက်ဝိုင်းလေး တစ်ခုကို ဖွဲ့စည်းထားခဲ့တာပါ။
လင်းဖုန်းဟာ ဒီစိတ်ဝိညာဉ် အာရုံတို့ရဲ့ မူလရင်းမြစ်ကို ဒီဥက္ကာခဲ အခန်းလေးရဲ့ အလင်းတန်းတွေကြောင့်… သူတို့က အသံမထွက်သ၍ ခန့်မှန်းလို့ မရနိုင်ခဲ့ပါဘူး။
သူကလည်း အစကတည်းက လူသတ်ပြီး ပစ္စည်းလုချင်နေတာမျိုး မဟုတ်ခဲ့တော့… ဘာမှ မဖြစ်ခဲ့ပါဘူး။ သူဟာ စိတ်ဝိညာဉ် အာရုံတွေ အများကြီး စုစည်းနေကြတဲ့ အသိစိတ် စက်ဝိုင်းကြီးကို ရွေးချယ်လိုက်ပြီး… အထဲကို ဝင်သွားခဲ့ပါတယ်။
အထဲမှာက အဖြူရောင် အလင်းတန်းတွေ လင်းလက်နေတဲ့… မျက်နှာပြင်ပေါ်မှာ ချိုင့်ခွက်အကြီးကြီး ရှိနေတဲ့ ကျောက်တုံးကြီး တစ်ခုပါ။ ချိုင့်ခွက်ကြီးရဲ့ အထဲမှာက ဗုဒ္ဓရုပ်ပွားတော် တစ်ခု ရှိနေခဲ့ပါတယ်။
ဒီဗုဒ္ဓရုပ်ပွားတော်ဟာ ကြာပန်းတွေနဲ့ လပြည့်စက်ဝိုင်းရဲ့ အပေါ်မှာ ထိုင်နေခဲ့ပြီး… သူ့ရဲ့ ပုလ္လင်ကို ဉဒေါင်းရှစ်ကောင်က ထမ်းထားတာပါ။ သူ့ရဲ့ညာလက်မှာ ကြာပန်းတစ်ပွင့်ကို ကိုင်ထားခဲ့ပြီး… ဘယ်ဘက်မှာတော့ ခေါင်းလောင်းတစ်လုံးကို ကိုင်ထားခဲ့ပါတယ်။
သူ့ရဲ့မျက်နှာထားဟာ ဥပေက္ခာအပြည့်နဲ့ ဖြစ်ပြီး… တစ်ကိုယ်လုံးကနေ ဝင်းလက်တဲ့ အလင်းရောင်တွေနဲ့ တောက်ပနေခဲ့ပါတယ်။ ဒီရုပ်ပွားတော်ဟာ ခမ်းနားထည်ဝါလှပြီး… ကြီးကျယ်လှတဲ့ စွမ်းအားနဲ့ လွှမ်းမိုးမှုတွေကိုလည်း ပိုင်ဆိုင်ထားခဲ့တာပါ။
ŞİMDİ OKUDUĞUN
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Macera✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...