အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း

572 67 0
                                    

အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း

သူက သူ့ရဲ့ လက်ချောင်းတွေကို လှုပ်လိုက်တော့… ကောင်းကင်ပေါ်မှာ အလင်းတန်း စက်လုံးလေး သုံးခုက ပေါ်လာခဲ့ပါတယ်။

ယွဲ့ဟုန်ယန်တောင်မှပဲ တပည့်သုံးယောက်နဲ့ အတူ စိတ်ဝင်စားနေခဲ့ကာ… ဒီအလင်းတန်း စက်လုံးလေး သုံးခုကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေခဲ့တာပါ။

စက်လုံးလေး တစ်ခုရဲ့ အထဲမှာက လက်ဖဝါးလောက် အရွယ်ရှိတဲ့ အနက်ရောင် အလံလေး တစ်ခုဟာ လွင့်မျောနေခဲ့ပါတယ်။ သူ့ရဲ့ အလံတိုင်ရော တံခွန်ရောဟာ လုံးဝကို မည်းနက်နေခဲ့တာပါ။ သူ့ရဲ့ကိုယ်ထည် တစ်ခုလုံးဟာ လည်နေခဲ့ပြီး ပုံမှန်ထက် ပိုပြီးမှ လှုပ်ရှားနေခဲ့ပါတယ်။

သေးငယ်လှတဲ့ လေဟာနယ်ထဲမှာ ဒီအလံလေးက ပျံသန်းနေခဲ့တော့… ပတ်ဝန်းကျင်က ဟင်းလင်ပြင်ကြီးဟာ ခဲတစ်လုံး ပစ်ချတာကို ခံလိုက်ရတဲ့ ရေကန်ရဲ့ မျက်နှာပြင်အလား… လှိုင်းတွန့်တွေနဲ့ ဂယက်ရိုက်နေခဲ့ပါတယ်။

ဒုတိယ အလင်းတန်း စက်လုံးလေးရဲ့ အထဲမှာတော့… ဓားအိမ်မပါတဲ့ ဓားတစ်ချောင်းဟာ ရက်စက်ပြီး သွေးဆာတဲ့ အငွေ့အသက်တွေနဲ့အတူ လွင့်မျောနေခဲ့တာပါ။ ဓားရဲ့ လှုပ်ရှားမှုတွေနဲ့အတူ သူ့ရဲ့ လူသတ်လိုစိတ်တွေကို ခံစားနိုင်ခဲ့ပြီး… လူတွေကို ကြောက်ရွံ့စေခဲ့ပါတယ်။

ဒီဓားကို ကြည့်နေရတာဟာ အလောင်းတွေနဲ့ ပြည့်နေတဲ့ တောင်ကြီးတစ်တောင်နဲ့ သွေးတွေနဲ့ ပြည့်နေတဲ့ မြစ်ကြီးတစ်စင်းကို ကြည့်နေရတဲ့ အတိုင်းပါပဲ… စိတ်အထဲမှာ မသက်မသာ ခံစားနေရတာပါ။

နောက်ဆုံး စက်လုံးလေးရဲ့ အထဲမှာကတော့ ရွှေရောင်သတ္တုပြား တစ်ချပ်ကို တွေ့နိုင်ပါတယ်။ သူ့ရဲ့အထဲကနေ ပလက်တီနမ် အရောင်တွေကို လင်းလက်နေလို့ပါ… သူ့ရဲ့ အလင်းတန်းတွေကလည်း အလွန်တရာကိုမှ ထက်မြက်လှပြီး လေဟာနယ်ကိုတောင်မှ ဖြတ်တောက်နိုင်တဲ့ အတိုင်းပါပဲ။

လင်းဖုန်းကလည်း အနက်ရောင် အလံလေးကို ညွှန်ပြလိုက်ပြီး ပြုံးလိုက်ကာ…"ကဲ… မင်းတို့အားလုံးက ဒီအလံလေးကို မှတ်မိကြတယ် မဟုတ်လား?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicodeحيث تعيش القصص. اكتشف الآن