အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ

540 76 0
                                    

အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ

ရှောင်ပုတန်လေးဟာ သူ့ရဲ့ ခြေတွေလက်တွေကို ဆန့်နေခဲ့ပြီး… စိန်ခေါ်တဲ့သူကို အမူအရာ ကင်းမဲ့စွာနဲ့ ပြောလိုက်ပါတယ်… "ကဲ... လာစမ်း…"

သက်လတ်ပိုင်း လူကြီးက ရှောင်ပုတန်လေးကို ကြည့်လိုက်ကာ… ချောင်းခြောက်တစ်ချက် ဆိုးလိုက်ပြီး ပြောလိုက်ပါတယ်… "ငါက စကား မဆုံးသေးဘူး…"

ရှောင်ပုတန်လေးက စိတ်မရှည်စွာနဲ့ ပြောလိုက်ပါတယ်… "ပြောစရာ ရှိရင်လည်း… အခုပဲ မြန်မြန်ပြော…"

ဘေးကနေ ရပ်ကြည့်နေတဲ့ လူတွေအားလုံးဟာ… အသက် ၁၁နှစ် ၁၂နှစ်လောက်သာ ရှိဦးမယ့် ရှောင်ပုတန်လေးကို ကြည့်လိုက်ပြီး… သူတို့ရဲ့ ရယ်သံတွေကို ထိန်းမထားနိုင်တော့ပါဘူး။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ဘက်မှာလည်း… အားလုံးက ရှောင်ပုတန်လေးကို ကြည့်နေကြပါတယ်။ ရှောင်ယန်က ကောင်းကင်ကို ကြည့်လိုက်ကာ ရယ်လိုက်ရင်း တွေးနေခဲ့ပါတယ်… "ကောင်စုတ်လေး… မင်းက ဒါတွေကိုပဲ သင်ယူခဲ့တာလား?"

သက်လတ်ပိုင်း လူကြီးရဲ့ နှုတ်ခမ်းတွေဟာ တွန့်သွားခဲ့ပေမဲ့… သူဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ပြီး ပြောလိုက်ပါတယ်… "မင်းတို့ရဲ့ဂိုဏ်းက အဆင့်တူရင် ဗိုလ်မထားဘူးလို့ ပြောတော့… မင်းက နှစ်ယောက်တစ်ယောက်ရော ချရဲလား?"

ဒီစကားကို ကြားလိုက်ရတော့… ဘေးက ကျင့်ကြံသူတွေဟာ ယုမိသားစုကို အလေးမထားတော့ပဲ… ဝိုင်းဝန်းပြီးတော့ ဝေဖန်ကုန်ကြပါတယ်။

"မင်းတို့ရဲ့ မျက်နှာအရေခွံက ဒီထက်ပိုပြီး ထူလို့မရတော့ဘူးလား? ဘာဖြစ်လို့ ကျင့်ကြံသူ ၂၀ယောက်နဲ့ မချတာလည်း?"

"သူက ကလေးလေးပဲ ရှိသေးတာ။ မင်းက မင်းထက်ငယ်တဲ့သူကို အနိုင်ကျင့်တာကို ထည့်မပြောနဲ့ဦး။ အခုဆိုရင် လူပိုခေါ်ပြီး အနိုင်ထပ်ကျင့်ချင်သေးတာလား? အသက်.. အတွေ့အကြုံနဲ့ ဉာဏ်ပညာကိုလည်း ထည့်တွက်ပါဦး…"

"ဒါက မဟာချင် အင်ပါယာရဲ့ မိသားစုကြီး တစ်ခုရဲ့ အဆင့်အတန်းနဲ့ရော ကိုက်ညီရဲ့လား? မင်းကြောင့် ယုမိသားစုရဲ့ သိက္ခာတော့ ကျပါပြီ!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now