အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း

519 60 0
                                    

အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း

လင်းဖုန်းသည် ဇူရီအား တွေ့ရသောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသိခဲ့သော ဇူရီသည် အမြဲတမ်းပင် တည်ငြိမ်ကာ၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံသူဖြစ်သည်။ သို့သော်လည်း အခုသူသည် တုတ်တုတ်မှ မလှုပ်ပဲ ရပ်နေကာ၊ ဗလာဖြစ်နေသော မျက်ဝန်းညိုကြီးများနှင့် ဘာမှမရှိသည့် နေရာကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသော်၊ လင်းဖုန်းသည် ဖိနှိပ်ထားသော စိုးရိမ်စိတ် တစ်ခုကို ခံစားလိုက်ရ၏။

"မင်းကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံပေါက်တယ်" ဇူရီအနားသို့ ကပ်သွားခဲ့ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

ဇူရီသည် သတိပြန်ဝင်လာခဲ့ကာ 'ဆရာသခင်' ဟူ၍ တီးတိုး ရေရွတ်လိုက်သည်။ သူ၏ပါးစပ်သည် တစ်ခုခုကို ပြောချင်ဟန်ဖြင့် တစ်လှုပ်လှုပ် ဖြစ်နေခဲ့သော်လည်း၊ စကားလုံးများ ထွက်မလာခဲ့ချေ။ သူသည် ဟန်ဆောင်ပန်ဆောင်ဖြင့် ခေါင်းကိုငုံ့လိုက်ကာ၊ ဘာပြောရမှန်း မသိခဲ့ပေ။

"မင်းအမေနဲ့များ ပတ်သတ်နေသလား?" လင်းဖုန်းက သွေးတိုးစမ်းကာ မေးလိုက်သည်။

"မင်းကို ဒီလောက်အထိ ဒုက္ခပေးနိုင်တာက၊ မင်းရဲ့အဖေ ရွှမ်ကျိအမတ် ဇူဟုန်ဝူ မဟုတ်ဘူးဆိုရင်၊ နည်းနည်းစောပြီး သေသွားတဲ့ မင်းရဲ့မိခင် မုန့်ပင်းယွင်ပဲ ဖြစ်ရမယ်" လင်းဖုန်းက တွေးလိုက်သည်။ သူ၏ ခိုင်မာလှသော သန္နိဋ္ဌာန်များအပြင်၊ ဇူရီက အလုပ်ချင်ဆုံးသော အရာတစ်ခုမှာ သူ၏ မတရား အဆက်ဆံ ခံရသော မိခင်အား တရားမျှတမှု ရှာပေးရန် ဖြစ်ပေလိမ့်မည်။

ဇူရီသည် စိတ်ပျက်စွာဖြင့် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ "ဟုတ်ပါတယ်၊ အမေရဲ့ သေဆုံးမှုဟာ ကျွန်တော့်ကို တကယ်ပဲ စိတ်ရှုပ်ထွေးကာ မတင်မကျ ဖြစ်စေခဲ့ပါတယ်"

လင်းဖုန်းက တွေးလိုက်သည်။ "တစ်ခါတစ်လေမှာလည်း ပိုသိခြင်းဟာ ကောင်းကျိုးမပေးတတ်ဘူး။ အမှန်အတိုင်း ပြောရရင် နားမလည်ခြင်းဟာ ပျော်ရွှင်ဖို့အတွက် လမ်းစဖြစ်နိုင်တာပဲ" ဇူရီထံမှ ဘာအသံကိုမှ မကြားရသောအခါ၊ လင်းဖုန်းက သဘောပေါက်သွားခဲ့သည်။ ပြောရလျှင် လင်းဖုန်း၏ အသိပညာမှာ ဇူရီထက် အများကြီး ပိုပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeDonde viven las historias. Descúbrelo ahora