အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
ရှီကျုုံးယွဲ့နှင့် ကျန်သောသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ သိချင်လိုစိတ် ပြင်းပြစွာနှင့် မေးလိုက်ကြသည်။ "မာစတာလင်း၊ ခင်ဗျားမှာ ဘာအကြံရှိလို့လဲ?"
လင်းဖုန်းက အနည်းငယ် ပြုံးလိုက်သည်။ "နေလဓားဂိုဏ်းကို ပြိုင်ပွဲအတွင်းမှာ နှစ်ယောက်တွဲတိုက် နိုင်စေဖို့ရာ၊ မဲနှိုက်တဲ့အခါ သူတို့နဲ့ကျခဲ့ရင် မဲကျတဲ့သူတွေကို ကြိုက်တဲ့တွဲဘက်တစ်ယောက်ခေါ်ပြီး၊ နှစ်ယောက်ချင်းနှစ်ယောက် ယှဉ်ပြိုင်စေရမယ်"
"တကယ်လို့ သူတို့က ရွှေရောင်ဗဟိုချက် အဆင့်က ထိပ်ဆုံး ၁၆ယောက်နဲ့ အခြေခံအုတ်မြစ် အဆင့်က ထိပ်ဆုံး ၈ယောက်ထဲမှာ မပါခဲ့ရင် ကိစ္စဘာမှမရှိဘူး။ သူတို့နှစ်ဖွဲ့ အထဲက နိုင်တဲ့သူက ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာအတွင်းကို ဝင်ခွင့်ရမယ်" လင်းဖုန်းက ဆက်လက် ရှင်းပြလိုက်သည်။
"တကယ်လို့များ သူတို့က ရွှေရောင်ဗဟိုချက် အဆင့်က ထိပ်ဆုံး ၁၆ယောက် အတွင်း၊ ဒါမှမဟုတ် အခြေခံအုတ်မြစ် အဆင့်က ထိပ်ဆုံး ၈ယောက်အတွင်းကို ဝင်ပြီးမှ ယှဉ်ပြိုင်ခဲ့လို့ရှိရင်၊ နေလဓားဂိုဏ်းက တပည့်တွေကို အနိုင်ယူနိုင်တဲ့ အဖွဲ့က နာမည်နှစ်ခု တင်သွင်းနိုင်ပြီး၊ နေလဓားဂိုဏ်းက တပည့်တွေကလည်း နာမည်နှစ်ခု တင်သွင်းနိုင်မှာပဲ ဖြစ်တယ်"လင်းဖုန်းက ရှီကျုံးယွဲ့အား ကြည့်လိုက်သည်။ "ကျုပ်သိထားသလောက်ဆိုရင် ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးက အဆင့်တွေဟာ၊ လူငယ်တွေကို တိုးတက်ချင်စိတ်ရှိအောင် စိတ်ဓာတ်လှုံ့ဆော်မှု အနေနဲ့ ကျင်းပတာ ဖြစ်တယ်"
အခြားရည်ရွယ်ချက်သည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာသည် မတည်ငြိမ်ပဲ၊ လူအများကြီး ဝင်ရောက်ခဲ့လျှင် လေဟာနယ် တုန်ခါမှုများ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။
"ဒါပေမဲ့ နေလဓားဂိုဏ်းက တပည့်တွေ အားလုံးက ဝင်ခွင့်ရတယ် ဆိုရင်တောင်၊ သူက အများဆုံး လူရှစ်ယောက်ပဲ ရှိမှာ၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာရဲ့ လက်ခံနိုင်မှု အတွင်းမှာပဲ ရှိသေးတယ်။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...