အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ

525 64 0
                                    

အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ

ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ ထွက်လာပြီးနောက်တွင်၊ ယွဲ့ဟုန်ယန်က သူမ၏ မျက်မှောင်များကို ကြုတ်နေခဲ့ကာ လင်းဖုန်း၏ အရှေ့သို့ ရောက်လာခဲ့သည်။ သူမသည် အနိုင်ရရှိခဲ့သော်လည်း၊ မပျော်ရွှင်နိုင်ခဲ့ပေ။

"ရှီဆောင်ချန်း ဆိုတဲ့သူက ဘာဖြစ်နေတာလဲ? ရူးကြောင်ကြောင် ပေါတောတောနဲ့!" သူမက စိတ်ရှုပ်ထွေး ဒေါသထွက်လှစွာနှင့် ပြောလိုက်သည်။

ဇူရီ၊ ရှောင်ပုတန်နှင့် ကျန်သော တပည့်များသည် ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။ သူတို့သည် ရယ်ချင်နေသော်လည်း မရယ်နိုင်ကြပေ။ သူတို့သည် သူမအား မည်ကဲ့သို့ ရှင်းပြရမည်မသိ ဖြစ်နေကြသည်။

ဒီကိစ္စသည် ရူးကြောင်ကြောင် နိုင်လှသော်လည်း၊ ရယ်စရာကောင်းသည်ဟု ခံစားနေကြရသည်။

ထွမ်းထွမ်းက ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ? သူက နင့်ကို လက်ထပ်ခွင့် တောင်းနေတာလေ။ အသိသာကြီးဟာကို"

"ဟွတ်ဟွတ်ဟွတ်ဟွတ်" ပတ်ဝန်းကျင် တစ်ခုလုံး ချောင်းဆိုးသံများဖြင့် ပြည့်ကုန်ကြ၏။ ရှောင်ပုတန်လေးက သူမအား ဘတ်ကနဲ ရိုက်လိုက်ရင်း၊ "နင်က လူပုံစံ ပြောင်းထားတယ် ဆိုတော့၊ လူလိုသူလိုလေး ပြောမှပေါ့"

ယွဲ့ဟုန်ယန်ကလည်း နားစွန်နားဖျား ကြားလိုက်ရ၍၊ သူမ၏ မျက်မှောင်တို့က ပိုကြုတ်လာခဲ့ပြီး ထွမ်းထွမ်းအား ခက်ထန်စွာဖြင့် စိုက်ကြည့်လိုက်သည်။

ကျူးကော်ဖန်းလင်က အလောတကြီးဖြင့် ဝင်ပြောလိုက်၏။ "ဒါက ဒီလောက်ကြီး ပုံကြီးချဲ့ဖို့ မလိုပါဘူး။ သူက စီနီယာကို ကြိုက်နေလို့ ချစ်စကား ပြောတာပါ။ တစ်ခုရှိတာက၊ ဒါ.. ဒါက အချိန်မှန် နေရာမှန် မဟုတ်တာပဲ"

ယွဲ့ဟုန်ယန်၏ ဒေါသတို့မှ မပြေပျောက်သွားသေးပဲ၊ "ကြည့်ရတာ သူက နှာဗူးတစ်ယောက်ပဲ"

"ဒါတောင်မှပဲ တော်တော်ဆိုးနေပြီ။ ငါကသူနဲ့ စကားတစ်ခွန်းတောင် မပြောဖူးသေးဘူး"

ကျူးကော်ဖန်းလင်က ရယ်လိုက်သည်။ "မြင်မြင်ချင်း ချစ်မိသွားတာ နေမှာပေါ့"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeOnde histórias criam vida. Descubra agora