အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ

539 70 7
                                    

အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ

တကယ်လို့များ သူမကို အခွင့်အရေး တစ်ခုကို ထပ်ပေးခဲ့ရင်တော့၊ ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ နောက်ထပ် နှပ်ချမခံရစေဘူးလို့ ထွမ်းထွမ်းက ကျိန်ဆိုနေခဲ့ပါတယ်။

ဒီလိုပြောရတာဟာ လွယ်ပေမဲ့၊ တကယ်တမ်း လိုက်နာနိုင်မလား ဆိုတာကိုတော့ ကောင်မလေးဟာ ယုံကြည်မှုစွမ်းအား သိပ်မရှိနေခဲ့ပါဘူး။

"ဒါက ဟိုလူတွေက အရမ်းကို ကောက်ကျစ်လို့ပဲ။ သူတို့က လူဆိုးတွေပဲ! ငါ့ကိုဘယ်လိုမျိုး လှည့်စားရမလဲ ဆိုတာကိုပဲ တွေးနေကြတာပဲ!"

ထွမ်းထွမ်းဟာ ဘယ်လောက်ပဲ မပျော်မရွှင် ဖြစ်နေခဲ့ပေမဲ့၊ ကောင်းကင် အလင်းနဲ့အမှောင် မန်ဒလာ မဟာနယ်နိမိတ်ဟာ စတင်ပြီးတော့ ပြိုကျလာခဲ့ပါတယ်။ ကောင်းကင်နဲ့ မြေကြီးတို့ကို ဖျက်ဆီးခြင်း စွမ်းအားနဲ့ အလားတူပါပဲ။

ရွှေရောင်ဗဟိုချက် အဆင့်က ဇူရီရဲ့ ကောင်းကင်နဲ့ မြေကြီးတို့ကို ဖျက်ဆီးခြင်း စွမ်းအားတို့ဟာ၊ အခြေခံအုတ်မြစ် အဆင့်က ဝမ်လင်းထက်ကို အတော်ကြီး ပိုပြီးမှ အားကောင်းပါတယ်။ ထွမ်းထွမ်းဟာ အလောတကြီး မလုပ်ရဲပဲ သူမရဲ့ စွမ်းအားအကုန်လုံးကို အသုံးချကာ၊ အလင်းနဲ့အမှောင် နယ်နိမိတ်တို့ကို လှည့်ပတ်နေခြင်းကနေ တားဆီးပြီး သူရဲ့ ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေကို ရပ်တန့်အောင် ကြိုးစားလိုက်ပါတယ်။

လင်းဖုန်းက ကောင်းကင်ကမ္ဘာငယ်ကို ဖျက်ဆီးခဲ့စဉ်က၊ ထွမ်းထွမ်းဟာ ဘာမှ ပြန်မလုပ်နိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ သူမဟာ ပြန်ပြီးတော့ တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ အကြောသေသလိုမျိုး ဖြစ်သွားခဲ့ကာ၊ ဘယ်သူတွေ ဘာပြုပြု နုရတော့မယ့် အခြေအနေကို ရောက်နေခဲ့ပါတယ်။

ထွမ်းထွမ်းဟာ ရင်ထဲကနေ မေတ္တာပို့သနေဆဲမှာ၊ သူမရဲ့ အပေါ်ကို အမှောင်ထု တစ်ခုက ဖုံးလွှမ်းသွားခဲ့ပါတယ်။ သူမထက် ကြီးတယ်ဆိုရုံမျှ ကြီးတဲ့ ကောင်လေးတစ်ယောက်ဟာ သူမရဲ့ အရှေ့မှာ ပေါ်လာခဲ့ပါတယ်။ သူကတော့ ရှောင်ပုတန်လေးကလွဲရင် ဘယ်သူမှ မဟုတ်ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ