အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်

568 69 0
                                    

အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်

လင်းဖုန်းက ဝမ်လင်းရဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေဟာ… ရုတ်တရက်ပဲ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်သွားခဲ့တာကို သတိထားမိလိုက်ပါတယ်။

"လင်းကလေး… ငါ့ကို မှော်ကျိန်စာ တစ်ချို့ကို လုပ်ပြစမ်းပါဦးကွာ…" လင်းဖုန်းက သူ့ရဲ့ မျက်မှောင်ကြီးကို ကြုတ်ပြီးမှ ပြောလိုက်ပါတယ်။

ဝမ်လင်းကလည်း ခေါင်းကိုညိတ်ပြလိုက်ပြီး… ဟေးဒီးစ်နတ်လက်ချောင်း မဟုတ်တဲ့ တခြားမှော်ကျိန်စာ တစ်ခုကို ထုတ်ပြလိုက်ပါတယ်။

"ကျွန်တော့်ရဲ့ စွမ်းအားတွေကို ခိုင်မာအောင် စုစည်းပြီးသွားတော့… ကျွန်တော်က မှော်ကျိန်စာ အသစ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆရာ့ရဲ့ ညွှန်ပြမှုတွေ လိုနေသေးပါတယ် ခင်ဗျ…"

သူက သူ့ရဲ့လက်ဝါးတွေကို စုစည်းလိုက်ပြီး မှော်ကျိန်စာကို ထုတ်လွှတ်လိုက်တော့... သူ့မှော်စွမ်းအင်တွေရဲ့ ထိုးတက်လာမှုနဲ့အတူ… အဝါနဲ့ အနက်ရောင် မျဉ်းကြောင်းတစ်ခုဟာ လေဟာနယ်ထဲမှာ ပေါ်လာခဲ့ပါတယ်။ နောက်ကျိနေတဲ့ လမ်းကြောင်းတစ်ခုဟာ သူ့ရဲ့ အထဲကနေ ဖြေးဖြေးချင်းပဲ ထွက်ပေါ်လာခဲ့ပါတယ်။

လင်းဖုန်းက ဒါတွေကို တွေ့လိုက်ရတော့… မျက်ခုံးတွေကို ပင့်လိုက်ပြီး လေပေါ်ကို ပျံတက်သွားခဲ့ပါတယ်။ ပြီးတော့သူဟာ ဝမ်လင်းက အခုလေးတင် ဖန်ဆင်းထားခဲ့တဲ့ အဝါနဲ့ အနက်ရောင် လမ်းကြောင်းပေါ်ကို ခြေချလိုက်ပါတယ်။

ဒီလမ်းကြောင်းဟာ မဆုံးမရှိဘူးလို့ ထင်နေရတာပါ။ လင်းဖုန်းက သူ့ရဲ့အပေါ်ကို ခြေချလိုက်တာနဲ့ တပြိုင်နက်… သူ့ရဲ့ မြင်ကွင်းထဲမှာ ရှုခင်းတွေနဲ့ အရာအားလုံးဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။

သူ့ရဲ့ မျက်စိရှေ့မှာက ဘာမှမရှိတဲ့ လမ်းကြောင်းတစ်ခုပါ။ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ မှတ်ဉာဏ်တွေဟာ သူ့ရဲ့စိတ်ထဲကို ပြေးဝင်လာကြပြီး… လင်းဖုန်းရဲ့ စိတ်အာရုံကို ခက်ထန်စွာနဲ့ တိုက်ခိုက်ခဲ့ပါတော့တယ်။။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ