အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!

558 63 1
                                    

အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!

ဒီမိုးပြာရောင် လျှပ်စီး စစ်ရထားရဲ့ အပေါ်မှာ… ဟုန်ရဲ့ မဟုတ်တဲ့ အသံတွေဟာ နှစ်သံမကပါဘူး။

ကွဲပြားခြားနားတဲ့ အသံတွေဟာ ချိုမြိန်မှု.. ကြွတ်ဆပ်မှုနဲ့ တခြား ကိုယ်ရည်ကိုယ်သွေးပေါင်း မြောက်မြားစွာတို့ကို ဖော်ပြနေကြတာပါ။

ဒါပေမဲ့လည်း ဒါက အရေးကြီးတဲ့ အပိုင်း မဟုတ်ပါဘူး… အရေးအကြီးဆုံးက ဒီအသံတွေ အားလုံးဟာ မိန်းမအသံတွေပဲ ဖြစ်ကြတာလေ။

ပြီးတော့လည်း… သူတို့ဟာ အသံနှစ်ခု မကပါဘူး!

စပ်စပ်စုစုနဲ့ လင်းဖုန်းဟာ ဒီမိုးပြာရောင် လျှပ်စီး စစ်ရထားရဲ့ အထဲမှာ ထိုင်နေတဲ့ သူတွေကို ကြည့်လိုက်ရာ… "ဟာ… မြတ်စွာဘုရား!"

စစ်ရထားကြီး တစ်ခုလုံးဟာ ကမ္ဘာပေါ်က အလှဆုံး ပန်းတွေတောင် အရှက်ရသွားစေမဲ့… အချောအလှလေးတွေနဲ့ ပြည့်နှက်ပြီးမှ နေခဲ့တာပါ။

ကျော့မော့တဲ့သူ.. အေးစက်တဲ့သူ.. အထက်တန်း ကျတဲ့သူ.. ဣန္ဒြေကြီးတဲ့သူ.. ခပ်ဟော့ဟော့နဲ့သူ.. စသဖြင့် အမျိုးအစား မထပ်အောင်ကို ကွဲပြားတဲ့ မိန်းကလေးတွေက ဒီစစ်ရထားကြီးရဲ့ အထဲမှာ ရှိနေကြပါတယ်။

အပျိုစင် မေရီစတိုင်.. စားပွဲထိုးမလေး စတိုင်.. သူဌေးမ စတိုင်.. လိုလီကွန်း စတိုင် အစရှိတဲ့… အမျိုးပေါင်း စုံလင်လှတဲ့ မိန်းကလေးတွေဟာ သူ့ရဲ့ စစ်ရထား အထဲမှာ ရှိနေကြတာပါ!

ပြီးတော့လည်း သူတို့ဟာ သာမန် မိန်းကလေးမျိုးတွေ မဟုတ်ကြပါဘူး။ လင်းဖုန်းက တစ်ချက်ကြည့်လိုက်ရုံနဲ့ပဲ… သူတို့ရဲ့ အထဲက အဆင့်အနိမ့်ဆုံးဟာ ချီသာဝက အဆင့်မှာ ရှိနေကြပြီး… သုံးယောက်ဟာ အခြေခံအုတ်မြစ် အဆင့်ကိုတောင် ရောက်နေကြပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။

"ဒါ.. ဒါက မိန်းမခန်းဆောင်ပဲ! တကယ့် မိန်းမ ခန်းဆောင်ပဲ!" လင်းဖုန်းက သူ့ရဲ့ မျက်လုံးတွေကို မယုံနိုင်ခဲ့ပါဘူး။ သူ့ကို ပိုပြီးမှ အံ့အားသင့်စေခဲ့တာက… ဒီမဒီလေးတွေ အားလုံးဟာ ဟုန်ရဲ့ကို ချစ်မြတ်နိုးစွာနဲ့ ကြည့်နေကြပြီး… အကြည့်တွေဟာ သူ့ရဲ့အနားကနေ တစ်စက်မှ မခွာကြတာပါ။ ရွှေရောင်ဗဟိုချက် အဆင့်က တာအိုဆရာ တဲမူကိုတောင် ဂရုမစိုက်ကြပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWo Geschichten leben. Entdecke jetzt