အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ

610 77 2
                                    

အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ

လင်းဖုန်းဟာ အချိန်အကြာကြီး နေပြီးမှ... တိတ်ဆိတ်နေခဲ့တဲ့ ထွမ်းထွမ်းကို မေးနိုင်ခဲ့ပါတယ်... "ကဲ... ဒါဆိုရင် မင်းရဲ့ မိဘတွေက အနက်ရောင် အဏ္ဏဝါ ရွှမ်းမင်က မင်းကို အနိုင်ကျင့်လိုက်တာကို စိတ်မဆိုးခဲ့ဘူးလား?"

ထွမ်းထွမ်းကလည်း သူမရဲ့ နှုတ်ခမ်းအစုံကို မဲ့လိုက်ရင်း... "သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ကျွန်မကြောင့် ပျက်စီးသွားခဲ့ပြီ... သူ့ရဲ့ စိတ်ဝိညာဉ်ကလည်း ကျွန်မရဲ့ တိုက်ခိုက်မှုကြောင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားခဲ့တာပဲ။ သူကလည်း စိတ်ဝိညာဉ် အပိုင်းအစ တစ်စသာ ကျန်နေမှာလေ... ဒါပေမဲ့လည်း သူက အသက်ရှင်နေသေးတယ် ဆိုတာကတော့ သေချာနေတယ်ရှင့်..."

"ကျွန်မရဲ့ ဖခင်ကလည်း ရွှမ်းမင်ရဲ့ မျိုးနွယ်စုဆီမှာ သွားပြီးမှ ဖြေရှင်းချက် တောင်းသေးသလား ဆိုတာကိုတော့ ကျွန်မက မသိတော့ဘူး။ ကျွန်မကလည်း အနားယူပြီး ဒဏ်ရာကုစားဖို့ နေရာရှာတာ အတော်အားစိုက်လိုက်ရတယ်။ ကျွန်မက ခိုအောင်းပြီး နေနေလိုက်တာ... ဆယ်နှစ်တောင် ကြာသွားပြီရှင့်..."

သူမက ဒီအကြောင်းကို ပြောနေရင်းနဲ့... ထွမ်းထွမ်းဟာ ဒေါသတွေ ထိန်းမနိုင် သိမ်းမရ ထွက်လာခဲ့ပြီး... အလင်းတန်း တိုင်လုံးတွေကို လက်သီးနဲ့ ထုလိုက်ကာ... "ဟွန့်... ကျွန်မတို့ရဲ့ စွမ်းအားတွေဟာ သူမသာ.. ကိုယ်မသာ ဖြစ်နေကြတာမို့လို့... အခုလိုမျိုး နှစ်ယောက်စလုံးက ဒဏ်ရာ အကြီးအကျယ် ရသွားကြတာပဲ။ ဒါပေမဲ့ တကယ်လို့များ ကျွန်မမှာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်သာ ရှိခဲ့ရင်တော့... ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ဖြစ်သွားမှာပဲ..."

"မဟာသူရိယ အကြွင်းမဲ့ မီးတောက်နဲ့ဆိုရင်... ကျွန်မက သူ့ရဲ့ အေးစက်တဲ့ လျှို့ဝှက်ဆန်းကြယ် အကြွင်းမဲ့ရေကို ရင်ဆိုင်နိုင်မှာဖြစ်ပြီး... ကျွန်မရဲ့ ဝါးမျိုမှော်အတတ်နဲ့ ပေါင်းလိုက်မယ်ဆိုရင်... သူ့ကို အနိုင်တိုက်နိုင်မှာရှင့်.."

ဒီကမ္ဘာမှာ... မဟာအကြွင်းမဲ့ ရေခြောက်ပါးဟာ သူ့အစွမ်းနဲ့သူ ရှိကြတာပါ။ အကြွင်းမဲ့ သွေးမြစ်ရေဟာ အရာအားလုံးကို ညစ်ညမ်းစေနိုင်ပြီး... ငရဲကမ္ဘာ အကြွင်းမဲ့ရေကတော့ အရာအားလုံးကို သန့်စင်နိုင်စွမ်း ရှိပါတယ်။ မဟာလမင်း အကြွင်းမဲ့ရေကတော့ ရေအားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပြီး အုပ်ချုပ်နိုင်စွမ်း ရှိတယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ