အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?

541 79 0
                                    

အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?

"ကောင်စုတ်လေး.. မင်းကငါ့ရဲ့ ဆရာသခင် သူတော်စင် ပုံရိပ်ကို ဖျက်ဆီးရဲလို့ ရှိရင်တော့… မင်းကို ကောင်းကောင်း ဆော်ပလော်တီးရမယ်ကွ!"

လင်းဖုန်းကလည်း ရှောင်ပုတန်လေးရဲ့ ခေါင်းပေါ်က ရောင်ခြည်စက်ဝန်းကို မျက်တောင်မခတ်ပဲနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။ အဲ့ဒီအထဲမှာ လုံးဝကို သစ်လွင်တဲ့ ပုံရိပ်တစ်ခုဟာ ပေါ်ပေါက်ကာ လာခဲ့ပါပြီ။

ဒီပုံရိပ်လေးရဲ့ အထဲမှာ… ရှောင်ပုတန်လေးက တစ်ယောက်တည်း ရှိနေခဲ့တာပါ။ သူဟာ တောင်တစ်တောင်ရဲ့အောက်မှာ ထိုင်နေခဲ့ပြီး… အဲ့ဒီတောင်ကို မှီပြီးမှ သက်တောင်သက်သာနဲ့ အိပ်မောကျနေခဲ့တယ်လေ။

လင်းဖုန်းက သေသေချာချာ ပတ်ရှာခဲ့ပေမဲ့… နောက်ထက်သက်ရှိ တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။

ကောင်ကလေးရဲ့ မျက်နှာကတော့ ပီတိတွေ ဖြစ်နေခဲ့ပြီး… ငြိမ်းချမ်းစွာနဲ့ အိပ်ပျော်နေခဲ့တာပါ။ သူ့ကိုကြည့်ရတာ ကမ္ဘာကြီးရဲ့ ဒုက္ခသုက္ခတွေကနေ ကင်းဝေးနေခဲ့ပြီး… ဒီတောင်ထွတ်ကြီးကို မှီနေခဲ့ရင် ဘာအန္တရာယ်ကမှ သူ့ရဲ့ အပေါ်ကို မကျရောက်လာနိုင် သလိုပါပဲ။

ဒီတောင်ကြီးက သူ့ကို ကောင်းကင်ကိုးလွှာကနေ အထောက်အပံ့ ပေးထားခဲ့တာပါ… ဒီတောင်ကြီးက သူ့ကို မြေပေါ်မှာ ခိုင်မာစွာ မတ်တတ်ရပ်နိုင် စေခဲ့တာပါ… ဒီတောင်ကြီးက သူ့ကို လေနဲ့မိုးတို့ကနေ အကာအကွယ် ပေးထားပြီး… ကောင်းမွန်တဲ့ အရာမှန်သမျှကို ပေးစွမ်းနိုင်ခဲ့တာပါ။

"ဟာ… ငါ.. ငါက ဒီတောင်ကြီးလား?"

လင်းဖုန်းဟာ နောက်ထပ် နားလည်နိုင်မှု အဆင့်တစ်ခုကို တက်သွားခဲ့ပါပြီ။ သူဟာ နှစ်ခြိုက်စွာနဲ့ အိပ်မောကျနေခဲ့ပြီး… တစ်ခေါခေါနဲ့ ဟောက်နေတဲ့ ရှောင်ပုတန်လေးကို ကြည့်လိုက်ပြီး ကြီးမြတ်တဲ့ ငြိမ်းချမ်းမှု တစ်မျိုးကို ခံစားလိုက်ရကာ… "ဟင်း… ဒီကောင်စုတ်လေးကတော့ကွာ…"

သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ကြိုးစားလိုက်ပြီး… မတတ်နိုင်တော့ပဲ ခေါင်းကိုသာခါလိုက်ကာ ပြုံးလိုက်ပါတော့တယ်။ ရှောင်ပုတန်လေးရဲ့ ခေါင်းပေါ်က ရောင်ခြည်စက်ဝန်းဟာ နေရာရွှေ့သွားခဲ့ပြီး… ရှောင်ယန်ရဲ့ အိပ်ပျော်နေတဲ့ ခန္ဓာကိုယ်ရဲ့ အပေါ်ကို ရောက်သွားခဲ့ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeDonde viven las historias. Descúbrelo ahora