မိုးလင်းတော့ဂျွန်က ကျွန်တော့်ဘေးရောက်နေပြီဖြစ်တယ်။
မနက်တိုင်းနီးပါးဂျွန်က ကျွန်တော့်ဘေးမှာရှိနေတတ်တာ။
အိမ်လဲမပြန်ဘူး။ဂျွန့်မေမေကလည်း
ကျွန်တော်နဲ့သူငယ်ချင်းတွေပဲဆိုပြီးလွှတ်ထားပေးတယ်။
အန်တီကကျွန်တော့်ကိုသားရင်းတစ်ယောက်လိုချစ်ရှာပါတယ်။
ကျွန်တော်ကသာ သူ့သားလေးအပေါ်မရိုးသားတဲ့စိတ်တွေနဲ့ချစ်နေခဲ့တာ။
အဲ့ဒါကြောင့် ဂျွန့်အပေါ်ကျွန်တော့်စိတ်တွေမရိုးသားကတည်းက
အန်တီနဲ့တွေ့ရင်ကြောက်နေခဲ့တာ။
ထမင်းစားတွေဘာတွေခေါ်ရင်လည်း
အကြောင်းအမျိုးမျိုးနဲ့ငြင်းနေရတာ။ချစ်ရသူမျက်နှာလေးကိုကြည့်ပြီး ထရတဲ့မနက်ခင်းတွေက
ဘယ်လောက်သာယာစရာကောင်းလိုက်လဲ။
ဂျွန့်ကိုမနှိုးတော့ဘဲ အရင်ဦးစွာထပြီး
မျက်နှာသစ်ခြင်းအလုပ်ကိုစတင်ရတယ်။
မျက်နာသစ်ပြီး ဂျွန်ကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်ဖို့ပြင်လိုက်တယ်။မနက်စာလုပ်နေတုန်း နောက်ကနေခါးကိုလာဖက်တဲ့ချစ်ရသူလေးရယ်ပါ။
ဂျွန်ကစိတ်ကြည်နေရင်အဲ့လိုချွဲတတ်ပါသေးသည်။
အင်း...သူ့ချစ်သူလေးနဲ့ပြန်အဆင်ပြေလာပြီထင်ပါရဲ့။"ဘာလို့ငါ့ကိုမနှိုးတာလဲ"
"မင်း ကောင်းကောင်းအိပ်ပျော်နေလို့ပါ"
"ဘာလဲ ယွန်းမီနဲ့ပြန်အဆင်ပြေလာပြီလား?"
"ဒါပေါ့ ငါဘယ်သူလဲ"
"အေးပါ မျက်နှာသစ်တော့ ဒီမှာမင်းအတွက်"
သူ့ကို့က်တဲ့မနက်စာလေးဆိုတော့ မျက်လုံးတွေ
ကြယ်လိုတောက်ပသွားသည်။"ဆော့ဂျင်နီးလေး အတော်ဆုံး"
ဆိုပြီး ခါးကို ပိုတိုးဖက်လာသည်။"သွား သွား"
"ဟုတ်"
ရေချိုးခန်းထဲကိုဝင်ပြေးသွားမှာ လုံးလုံးတုံးတုံးကြီး
ကလေးကြီးအတိုင်းပဲ၊ဂျွန်ကကျွန်ေတာ့်ထက်5လငယ်တယ်။
လူကောင်ကြီးကတော့ကျွန်တော့်ထက်ကြီးတာပေါ့
ရုပ်ကသာယုန်ပေါက်ရုပ်နဲ့ဆစ်ပတ်တွေရော၊
တက်တူးတွေကလည်းလက်တစ်ဖက်အပြည့်နဲ့
ဆံပင်ကလည်းအရှည်နဲ့ အရမ်းမိုက်တဲ့ဘဲကြီးပါ။
အဲ့ဒါကြောင့်လည်း ကောင်မလေးတွေရော
ကောင်လေးတွေရောထည်လဲတွဲနေတာ
ကျွန်တော်ကလွဲရင်ပေါ့...
တကယ်တော့ဒီတိုင်းလဲအဆင်ပြေပါတယ်။
သူကအနားမှာအမြဲရှိနေတာပဲ။
အတွေးတွေများနေတာဂျွန်တောင်ရေချိုးပြီးနေပြီ။
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-