ကျွန်တော်အိမ်ပြန်ရောက်တော့9:00ထိုးပြီ။
အကောင်ပေါက်လည်းအိပ်လောက်ရောပေါ့။"ဟင် ဘာမှမစားထားဘူးလား?"
မီးဖိုချောင်ထဲရေဝင်သောက်တော့ ညနေကမှာထားတဲ့
အစားအစာတွေက ညနေကအတိုင်းပဲ..။
နေမကောင်းလို့စားပြီးဆေးသောက်ခိုင်းထားတာကို
အကောင်ပေါက်ကဘာလို့မစားရတာလဲမသိ။မေးမလို့အပေါ်တက်လာတော့ စောင့်ပုံထဲမှာကွေးကွေးလေး
ပုဇွန်ထုတ်လေးအတိုင်းပဲ။
မျက်နှာလေးကိုကိုင်ကြည့်လိုက်တော့ မျက်လုံးတွေကမို့လို့
ငိုထားတဲ့အတိုင်းလေး ခေါင်းကတအားကိုက်နေလို့များလား?
သူ့မျက်နှာလေးကိုကိုင်နေတော့ လှုပ်လှုပ်''နဲ့မျက်စိဖွင့်ကြည့်လာသည်။
မျက်စိတွေကတကယ်ရဲနေတာ..။"ဟင်..ပြန်ရောက်ပြီလား?"
"အွန်း"
"ညနေကမှာပေးထားတာတွေဘာလို့မစားတာလဲ?"
ဟုတ်ပါသည် ဂျွန်ထွက်သွားတော့သူ့မှာစားမဝင်တော့။
ဂျွန်ထွက်သွားထဲက သူ့မှာငိုကျန်ခဲ့တာ..။
သူ့ကိုယ်သူအိပ်ပျော်သွားတာတောင်မသိ။
ဂျွန့်ကိုချစ်ရတာပင်ပန်းလိုက်တာ..ဒါပေမဲ့သူလက်မလွှတ်နိုင်ဘူး။"ဘာလို့မစားတာလဲလို့"
သူမဖြေပဲ ဂျွန့်မျက်နှာကိုသာ စိုက်ကြည့်နေမိသည်။
မျက်လုံးထဲမှာလည်း အရည်တွေဝေ့ပြီးဝေဝါးလာတာသူသိသည်။"မစား..အစားချင်လို့"
သူ့အသံတွေဟာတုန်တုန်ရင်ရင်ဖြင့်..။
"အ့ဆို မျက်လုံးတွေကရောဘာလို့ရဲနေတာလဲ"
'မင်းကြောင့်ငါငိုထားတာလို့'ပြောလိုက်ချင်ပေမဲ့ တကယ်ပါးစပ်က
ထွက်သွားတာအလိမ်တစ်ခု..။"အကောင်ဝင်သွားလို့ ပွတ်လိုက်တာအ့ကြောင့်"
"ပြစမ်း"
ဆိုပြီးဂျွန်ကသူ့မျက်နှာနားကပ်ပြီး သူ့မျက်လုံးကိုကြည့်ပေးသည်။
သူငိုမိတော့မည်ထင်တယ်..
ငါ့အပေါ်ကိုအဲ့လိုတွေကောင်းပေးပြီး ဒဏ်ရာတွေ
ထပ်မပေးပါနဲ့တော့လားဂျွန်ရာ..
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-