မနက်လင်းတော့ အမြန်ပြင်ဆင်ပြီးထွက်လာလိုက်သည်။
ဂျွန်နိုးပြီလား မနိုးသေးဘူးလားတောင်သူမသိ။နိုးနေရင်တောင်
သူဂျွန်နဲ့မျက်နှာချင်းမဆိုင်ချင်ပါ...။အချိန်လည်းစောသေးတာမို့ သူလည်းမနက်စာမစားရသေးတာနဲ့
Cafeကိုအရင်လာလိုက်သည်။ထောင့်ကျတဲ့ဝိုင်းမှာထိုင်ပြီး
ဆိုင်ထဲမှမြင်နေရတဲ့ ဆိုင်အပြင်ဘက်ကလူတွေရဲ့လှုပ်ရှားမှုတွေကို
လိုက်ကြည့်နေမိသည်။ကြည့်နေရင်း မျက်လုံးထဲပေါ်လာတာ
တစ်ဘက်လမ်းမှ နောက်ကျောပေးထားတဲ့ဂုတ်ထောက်နေတဲ့
အရှည်လေးနဲ့လူသား မှတ်မိတာပေါ့ဒီနောက်ကျောပြင်ကျယ်ကြီးကို..ဂျွန်က ကားထဲကတစ်စုံတစ်ယောက်ကိုတံခါးဖွင့်ပေးနေတာ။
သူဆက်ကြည့်နေမိတော့ ကားထဲကထွက်လာတာ ယွန်းမီ။
ယွန်းမီမျက်နှာလေးက ပြုံးရွှင်လို့..။
ဆက်မကြည့်နိုင်တော့..မျက်စိရှေ့ကအငွေ့တွေထွက်နေတဲ့
ကော်ဖီခွက်စီသာအကြည့်တွေကို ပို့ထားလိုက်မိသည်။*ကလင်..ကလင်*
ကော်ဖီဆိုင်တခါးဆီကခေါင်းလောင်းသံ~
ဟင်အင်း ဂျွန်တို့ဖြစ်လို့မရဘူးနော်...။"ဆော့ဂျင်ရှီးလ်"
သူ့ဆုတောင်းကဒီတစ်ခါလည်းမပြည့်ပြန်ဘူး..။
"အော် ယွန်းမီတို့ ကော်ဖီလာသောက်ကြတာလား?"
သူ့မျက်နှာကိုတော့သူမကြည့်မိ မသိချင်အောင်ဆောင်ရမည်လေ..။
"ဟုတ်တယ် ဆော့ဂျင်ရှီးလ် ဒီမှာပဲထိုင်လို့ရမလား?"
"ဟု..ဟုတ်ထိုင်ပါ"
ဂျွန် ကျနော့်ကိုကြည့်နေမည်ဆိုတာသူသိပါသည်။
ဒါပေမဲ့သူ တစ်ချက်မှမကြည့်မိ..။
သူတို့သောက်မယ့်ဟာတွေမှာနေတော့
လမ်းပေါ်ကလှုပ်ရှားမှုတွေကိုသာအကြည့်တွေပို့ထားမိပြန်သည်။"ဆော့ဂျင်ရှီးလ် ဒီနေ့ဆိုင်ပိတ်တာလား?"
"မဟုတ်ပါဘူး စောသေးလို့မနက်စာမစားရသေးတာနဲ့
ကော်ဖီလာသောက်တာ""အော် ဟုတ်"
"အာ ဒါနဲ့ဒီနေ့မီ့မွေးနေ့ ညနေအိမ်မှာပါတီရှိတယ်
ဆော့ဂျင်လာခဲ့ပါ့လား?"

YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-