Part~16

1.3K 182 24
                                    

"ဆော့ဂျင်နဲ့ဂျောင်ကုကဘာတွေလဲဟင်?"

"ဟမ်?"

ကျွန်တော်မေးလိုက်တော့သူမျက်လုံးတွေကဂနာမငြိမ်ဖြစ်ပြီး ဘယ်ညာရွေ့လျားနေသည်။
ပြီးနောက် ကမ်းစပ်ဘက်ကိုလှည့်ပြီး ကျွန်တော့်ကိုကျောခိုင်းထားသည်မှာတော်တော်ကြာသည်အထိ...။
ကျွန်တော်လွန်သွားသည်လား...မမေးသင့်တဲ့မေးခွန်းကိုမေးမိတာလား...?

"ဟို ဆော့ဂျင်မဖြေချင်ရင်မဖြေပါနဲ့နော် ကိုယ်တောင်းပန်ပါတယ်"

". . . . ."

"သူ့ကိုသဘောကျနေတာ.."

ထိုသို့ပြောပြီး မျက်ရည်ဥလေးတွေရစ်ဝဲနေတဲ့ မျက်လုံးလေးနဲ့ကျွန်တော့်ကိုလှည့်ကြည့်လာသည်။ထိုပုံရိပ်လေးမှာ ဝမ်းနည်းဖွယ်ပန်းချီကားလေးတစ်ချပ်လို...။

"ကျွန်တော့် သူ့ကိုသဘောကျလာတာငယ်ငယ်ထဲက"

ကောင်လေးကသဘောကျနေတာတဲ့လား...ကျွန်တော်က ဂျောင်ဂုဘက်ကထင်နေတာ။
ဘာလို့ဆို ‌ကျွန်တော်နဲ့ဆော့ဂျင်ရှိနေရင် ဂျောင်ဂုဆီက သဝန်တိုနေတဲ့အငွေ့အသက်တွေကို အလုံးလိုက်အရင်းလိုက်ရနေတာလေ။အဲ့လိုအချိန်တွေမှာ လူကိုပေါက်ထွက်မတက်ကိုကြည့်နေတာတွေကို ကျွန်တော်သိသည်။ယောက်ျားချင်း ဘယ်လိုနေလည်းကျွန်တော်ခံစားရတာပေါ့ဗျာ...။

"သူ့ဘက်ကရော..?"

"Joonမြင်တဲ့အတိုင်းပဲလေ သူဘာတစ်ခုမှမရိပ်မိဘူး"

"မဟုတ်ဘူး သူ့ကကျွန်တော့်ဘက်ကိုတစ်ခါမှကိုလှည့်မကြည့်ခဲ့ဖူးတာ..."

"သူ့ကိုပဲကြည့်ပြီး သဘောကျနေလာခဲ့တာ10နှစ်ကျော်ခဲ့ပြီ ဒါပေမဲ့ သူကယွန်းမီနဲ့တောင်လက်ထက်တော့မယ် သူကျွန်တော့်ခံစားချက်တွေကိုမသိဘူး ကျွန်တော်ဘယ်လိုလုပ်ရမလဲ လက်လျော့လိုက်ရတော့မလား..?"

ပြောရင်းနဲ့ရှိုက်ကြီးတငင်ငိုလာတဲ့ကောင်လေး။တော်တော်ကြီးကိုဝမ်းနည်းစွာ ရှိုက်ငိုနေတာမို့ ကောင်လေးရပ်နေတဲ့ကမ်းစပ်နားကိုသွားပြီး ရင်ခွင်ထဲဆွဲထည့်လိုက်တယ်...။
ရင်ခွင်ထဲ ထည့်လိုက်တော့လည်းဘာမှမပြော ရင်ခွင်ထဲမှာငိုနေရှာတာ...။

Friend But...Where stories live. Discover now