ကျွန်တော်အိမ်သို့ပြန်ရောက်ပေမဲ့ ဂျွန်ကတော့မရောက်သေး။
ရေမိုးချိုးပြီး ညစာစားဖို့ပြင်ရသည်။
ဂျွန်ကတော့စားလာလောက်မှာပါ..။*တီ.တီ.တီ*
အိမ်တံခါးဖွင့်သံကြားသည်။ဂျွန်ပြန်လာပြီနေမှာ..။
ညစာလုပ်နေတုန်းမို့ သူ့ကို ပြန်လာပြီလားတောင်မမေးဖြစ်။"ဘယ်သူတုန်း အဲ့ကောင်လေးက"
"ဟမ်?"
အစအဆုံးမရှိဘာတွေလာမေးနေတာလဲမသိ။
"ဘယ်သူ့ကိုမေးတာတုန်း?"
"မင်းဆိုင်ကကောင်ကဘယ်သူတုန်းလို့!"
ဂျွန်အသံဟာအနည်းငယ်မာနေသည်။
"အော် ထယ်လား ငါခေါ်ထားတဲ့အလုပ်သမားအသစ်လေ"
"အရင်ကမရှိပါဘူး ဘာလို့ဒီနေ့မှရောက်နေတာလဲ!?"
"အော် ဒီနေ့မှခေါ်ထားလို့ရောက်နေတာလေ"
"ဒါနဲ့သူ့နာမည်ကဘယ်လိုမလို့ 'ထယ်'လို့ခေါ်တာလဲ!?"
"ကင်မ်ထယ်ယောင်းတဲ့"
"မင်းတို့က ညနေကဘာလို့အဲ့လောက်ပျော်နေကြတာလဲ!?"
ဂျွန်မေးခွန်းတွေတအားများနေသည်။
အရွက်လှီးနေတာမို့လက်ထိမိမှာဆိုးတာနဲ့ ဂျွန့်မေးခွန်းကိုမဖြေမိ။"ကင်မ်ဆော့ဂျင် ငါမေးတာဖြေစမ်း!"
"အ့"
ကျွန်တော့်လက်ထိမိသွားပြီ။ဂျွန်ကတော့မမြင်
"ကင်မ်ဆော့ဂျင် ငါပြောနေတာကြားလား!?"
"ဂျွန် မင်းဘာတွေအဲ့လောက်စိတ်တိုနေတာတုန်း?"
"ငါမေးတာ ဖြေလို့!"
"ညနေကသူလုပ်တဲ့အိုးက ရှုံ့တွနေလို့အဲ့ဒါကိုရယ်နေကြတာ ဘာဖြစ်လို့လဲ?"
"အဲ့လောက်ရယ်ရလား အပိုတွေ!"
"အလုပ်ထုတ်ပစ်လိုက် သူ့ကို!"
"ဂျွန် ဘာမဟုတ်တာလေးကိုမရစ်နဲ့ကွာ"
"ဘာ ငါမကြိုက်ဘူးထုတ်လိုက်!"
"သူက ဒီနေ့မှစလုပ်တာကွ"
"ငါ မင်းပေးတဲ့လစာထက်နှစ်ဆပိုပေးလိုက်မယ် ထုတ်လိုက်"
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-