ဓာတ်လှေကားရှေ့မှာရပ်နေတဲ့သူကြောင့် ကျွန့်တော့်ကိုယ်ထဲမှသွေးတွေ
ပြောင်းပြန်ဆင်းသွားသလို ခံစားလိုက်ရသည်။သူဟာ..."ယွန်း...ယွန်းမီ"
"အဲ့ဒါဘာဖြစ်နေကြတာလည်း..?"
သူမအသံတွေဟာ အက်တက်တက်ဖြစ်နေပြီး အတော်အံ့ဩသွားပုံရသည်။
သူမနည်းတူကျွန်တော်လည်း အတော်လန့်သွားရသည်လေ...။"ဟိုဟာ... Jeon မူးနေလို့ပါ"
သူမကိုမကြည့်ဘဲဖြေနေပြီး ဘယ်ညာရွေ့လျားနေတဲ့ကျွန်တော့်မျက်လုံးတွေကိုသူမက လိုက်ပြီးဆုံစေသည်။
"ကိုက?"
"ဟုတ် အောက်ကbarမှာတွေ့လာတာ"
သူတံတွေးမျိုချနေမိသည်မှာ ခနခန။ခြေတွေလက်တွေလည်းအေးစက်လာရသည်။
ဘာလို့ဆို သူမမျက်လုံးတွေထဲမှာ သံသယ ရိပ်တွေကိုမြင်နေရသည်လေ...။"အင်းပါ ဒီကိုပေး မီခေါ်သွားလိုက်တော့မယ်"
"ဟုတ်..ဟုတ်"
ပြောပြီး Jeonလက်ကိုသူမ ပုခုံးပေါ်တင်ပေးကာ Jeonကိုလွှဲပြောင်းပေးလိုက်သည်။
Jeonကခုနကဝန်ထမ်းတွေကိုကျခါးခါးသီးသီးမခေါ်နဲ့ငြင်းလွတ်ပြီး သူမခေါ်သွားတော့ အသာတကြည်လိုက်သွားသည်...။
<<<<<_________>>>>>ယွန်းမီအခန်းထဲရောက်တော့ ကို့ ကိုကုတင်ပေါ်အသာချပေးပြီး ဖိနပ်တွေခြေအိတ်တွေချွတ်ပေးပြီး အင်္ကျီတော့ လဲမပေးတော့ပဲ စောင်ခြုံပေးလိုက်သည်။
ခုနကဓာတ်လှေကားထဲက ကိုနဲ့ဆော့ဂျင်ရဲ့မြင်ကွင်းက သူမကိုအတော်လန့်သွားစေတာတော့အမှန်ပါ။ဘယ်လောက်ပဲရင်းနှီးနေပါစေ အဲ့လောက်ကြီးကဘယ်သူငယ်ချင်းတွေကအဲ့လိုနေကြလို့လဲ သူမတော့မမြင်ဖူးပါ။ကိုဆော့ဂျင်အိမ်မှာနေတာလည်း သူမသိပါသည်။ဒါ ပေမဲ့ ကို့အမေကိုယ်တိုင်က ကိုတို့ကငယ်ငယ်ထဲကညီအကိုတွေလိုပဲနေလာတာပြောလို့ သူမကို့ကိုအဲ့ကိစ္စနဲ့ပက်သက်ပြီး ဘာမှမပြောဖြစ်တာ။အခုကိုလည်းသူမနဲ့တစ်အိမ်ထဲနေရတော့မည်။
အရင်က သူငယ်ချင်းတွေပဲဆိုပြီးနားလည်ပေးလို့ရပေမဲ့ အခုတော့ကို့ကိုဆော့ဂျင်နဲ့ခပ်ကင်းကင်းတော့နေခိုင်းရမည်။သူမနဲ့ကိုနဲ့ကလက်ထက်တော့မယ့်အခြေအနေလေ မိဘတွေရဲ့ဂုဏ်ကိုလည်းမပျက်ရအောင် သူမဂုဏ်သိက္ခာကိုလည်း မပျက်ရအောင် ကြိုလုပ်ထားမှအဆင်ပြေလိမ့်မည်။

YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-