ဂျောင်ကု စိတ်တိုတိုနဲ့မောင်းလာခဲ့ပြီး
ဘားတစ်ခုမှာထိုင်နေတာ။
ဟိုလူ့အကြောင်း တွေးလေစိတ်တိုလေပဲ
ဆော့ဂျင်ကိုများ ဘယ်လိုကောင်မှတ်နေလဲမသိဘူး
_________
"ဂျောင်ဂု မင်းဆော့ဂျင်နဲ့တစ်အိမ်ထဲအတူတူနေနေတာမလား?""အွန်း ဟုတယ်လေ ဘာဖြစ်လို့လဲ?"
သူပြောတော့အရှေ့ကလူက ပြုံးတုန်းတုန်းနဲ့ခေါင်းတွေ့ငြိမ့်ပြသည်။
"အ့ဆို ဆော့ဂျင်အတွင်းပစ္စည်းတွေကိုမြင်ဖူးမှာပေါ့နော်?"
ဂျောင်ဂု စိတ်တိုပြီးလက်သီးကိုတင်းတင်းဆုပ်ထားမိသည်။
ပါးစောင်ကိုလည်းကြိတ်ထားတာKenမြင်လိုက်ပါသည်။
"ဘာဗျ!"
"ဆော့ဂျင်ကဒီတိုင်းကြည့်ရတာကိုက အရသာရှိမဲ့ပုံလေးကွာ
မင်းမြင်ရက်သားနဲ့""ခင်ဗျား!"
ထိုအချိန်ဆော့ဂျင်ရောက်လာသည်။ထိုလူ့အနားဆော့ဂျင်ကို
ကြာကြာမရှိစေချင်လို့ ဆွဲခေါ်တာကို ကင်မ်ဆော့ဂျင်တစ်ယောက်
လုံးဝအလိုက်မသိ မင်းပြန်ချင်ပြန်လေ ဘာတွေလာလုပ်နေတာ
ဟိုအကောင်ယုတ်မာတော့မှာကိုမသိပဲနဲ့
ငါကွာ တွေးလေစိတ်တိုလေပဲ
သောက်နေတဲ့အရက်ခွက်ကိုကြမ်းတမ်းစွာချလိုက်သည်။"ကို ဘာတွေစိတ်တိုနေတာလဲ?"
နေ့လည်ကဟာတွေတွေးနေတာ ဘေးနားမှာယွန်းမီရောက်နေတာတောင်သူမသိ
"အော် ယွန်းမီ ဘယ်လိုရောက်လာတာလဲ ဒီကို?"
"အာ ဒီနေ့မီ့သူငယ်ချင်းမွေးနေ့ရှိလို့"
"ဒါနဲ့ ကိုဒီနေ့မီ့ဆီဘာလို့ မလာတာလဲ?"
"ကိုယ် မအားလို့ပါ"
"မအားတာ ဒီတော့ရောက်နေတယ်နော်?"
"ပြီးရင် မင်းဆီလာမလို့ပါပဲ"
"အော် အင်းပါ"
"မီနဲ့လိုက်ခဲ့ပါ့လား သူငယ်ချင်းတွေနဲ့လည်းမိတ်ဆက်ပေးရအောင်"
"အွန်း လိုက်ခဲ့ပေးမယ်လေ"
"ကို ကမလိုက်ချင်ဘူးလား 'လိုက်ခဲ့ပေးမယ်'ဆိုတော့"
![](https://img.wattpad.com/cover/309676421-288-k658611.jpg)
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-