"အဖေ ဘာပြောလိုက်တာလဲ?"
"မင်း မကြာဘူးလား မင်းသူငယ်ချင်းဆော့ဂျင်အိမ်မှာနေမနေနဲ့တော့လို့"
"ဘာလို့လည်း နေလာတာလဲကြာလှပြီကို"
"နေလာတာ ကြာလှပေမဲ့အခုကမတူတော့ဘူးလေ"
"ပြသာနာကဘာလည်း ဒယ်ဒီ?"
ဂျောင်ကုတကယ် အော်မေးချင်လာပြီ ဒယ်ဒီကဘာတွေပြောနေမှန်းမသိတော့ဘူး..
"မင်းကမကြာခင် လက်ထက်ရတော့မဲ့သူ ယောက်ျားတစ်ယောက်အိမ်မှာကပ်မနေသင့်တော့ဘူးလေ"
"အခု လက်မှမထပ်ရသေးတာ"
"ဂျွန်ဂျောင်ကု မင်းမရှည်နဲ့ ငါအိမ်ရှာပေးထားတယ် သွားကြည့်ဒီနေ့"
"ယွန်းမီနဲ့အဲ့မှာလက်မထပ်ခင်အတူတူနေချင်လည်းနေကြ၊လက်ထပ်ပြီးမှနောက်တစ်လုံးစီစဉ်ပေးမယ်"
"မကြည့်နိုင်ဘူးဒယ်ဒီ ကျွန်တော်ဆော့ဂျင်နဲ့ပဲနေမှာ"
"ဘာလဲ မင်းကင်မ်ဆော့ဂျင်ကိုကြိုက်နေတာလား!?"
ဒယ်ဒီစကားကြောင့် ပြောမဲ့စကားတွေတောင်ထွက်မလာတော့။
သူဆော့ဂျင်ကိုကြိုက်နေတာလား...?
မဖြစ်နိုင်တာတွေ ဆော့ဂျင်နဲ့နေပါများပြီးခွဲမနေချင်တာနေမှာပါ။"ဘာလို့တိတ်သွားတာလည်း ဂျွန်ဂျောင်ကု မင်းကြိုက်နေတာလား ?"
"မဟုတ်တာတွေဗျာ"
"မဟုတ်ရင် ညနေကျယွန်းမီနဲ့အိမ်သွားကြည့်"
ပြောပြီးဒယ်ဒီကထွက်သွားသည်။သူကတော့ ထိုင်ခုံမှာအခုထိမလှုပ်နိုင်သေး။သူဘယ်လိုထွက်လာရမလဲအိမ်ကနေ ဆော့ဂျင်မရှိပဲ
နေတတ်ပါ့မလား..?"ဘာတွေ တွေဝေနေတာတုန်းသားငယ်?"
ဘယ်ကထွက်လာမှန်းမသိတဲ့ မာမီ..
"ဟင် ဘာမှမဖြစ်ပါဘူးမာမီ"
"သားဒယ်ဒီပြောသလို ဂျင်လေးအိမ်ကနေထွက်ခဲ့တော့နော်
သားသူ့အိမ်မှာနေလို့မဖြစ်တော့ဘူး သိလား?""ဟုတ်ကဲ့ပါ မာမီ"
သူလည်းမာမီနဲ့စကားပြောပြီးအိမ်ကနေထွက်လာခဲ့သည်။
အကောင်ပေါက်နဲ့ Mallသွားရဦးမှာမလား?
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-