နေ့လည်ထဲက သူနဲ့စကားမပြောချင်တော့လို့အခန်းထဲဝင်သွားတာ
သူ့ဆီကလည်းဘာ အသံမှမကြားရတော့တာမို့အပြင်ထွက်သွားပြီမှတ်နေတာ သူကဧည့်ခန်းထဲကခုံပေါ်မှာဖုန်းထိုင်သုံးနေသည်။"မသွားလို့မင်းမြင်ရတာပေါ့"
"အွန်း"
'အွန်း'တစ်ခွန်းသာပြောပြီး မီးဖိုချောင်ထဲဝင်ခဲ့တော့ အနောက်ကလိုက်လာတဲ့Jeon။
"ဗိုက်ဆာလို့လား?"
"အင်း"
"ခနစောင့်ဦး အ့ဆို"
ခေါင်းငြိမ့်ပြပြီး ထမင်းစားခုံမှာဝင်ထိုင်တဲ့Jeon။
ထိုင်ပြီး ကျွန်တော်လုပ်သမျှအရာမှန်သမျှကိုလိုက်ကြည့်နေတာ။သူ့ကိုတစ်ခါမှလှည့်မကြည့်ပေမဲ့ မျက်လုံးထောင့်ကနေမြင်နေရတာဖြစ်သည်။ဒါပေမဲ့လည်း ဘာလို့ကြည့်နေနာလည်းမမေးမိ ကိုယ်လုပ်စရာရှိတာလုပ်နေလိုက်သည်...။"ရပြီ"
ရေခဲသေတ္တာထဲရှိတဲ့ဟာလေးပဲချက်ထားတော့ ဟင်းကတစ်ခွက်နှစ်ခွက်သာရှိသည်။
"ဟင်းကတော့မစုံဘူး ရှိတာပဲချက်ထားတာ"
"ရပါတယ်"
ထမင်းစားပွဲကြီးကိုတိတ်ဆိတ်မှုကကြီးစိုးထားတယ်။သူလည်းစကားမပြော ကျွန်တော်လည်းစကားမပြော ကိုယ်စားစရာရှိတာစားနေပေမဲ့ သူကတော့ထမင်းကိုတစ်စိနှစ်စိသာတူနဲ့ညှပ်ညှပ်စားနေတာ ဖြစ်သည်။ဟင်းတွေကိုလည်းနှိုက်မစား...။
"စားမကောင်းလို့လား?"
"မဟုတ်ပါဘူး"
"အဲ့ဒါဆို ဘာလို့မစားတာလည်း?"
သူ့ကိုပါးစပ်ကမေးနေပေမဲ့ အခုထိသူ့မျက်နှာကိုမော့မကြည့်မိ...။
"ကင်မ်ဆော့ဂျင်"
တည်ငြိမ်နေတဲ့အသံချိုချိုနဲ့ကိုယ့်နာမည်ကိုခေါ်လာတော့ ထိန်းထားပါရက်နဲ့သူ့ကိုမော့ကြည့်မိသည်။ကိုယ်မြတ်နိုးရတဲ့ထဲ သူ့ရဲ့အသံချိုချိုလေးကလည်းပါဝင်တာကိုး...။
"မင်း ဘာလို့တအားငြိမ်နေတာလဲ ?"
"မငြိမ်ပါဘူး ပုံမှန်ပါပဲ"
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-