ဒီနေု့ Joonနဲ့ကုန်တိုက်ထဲလျှောက်ပတ်ကာ မုန့်တွေလည်းစားခဲ့ပြီး ကလေးလေးတွေနဲ့လုပြီးဂိမ်းတွေပါဆော့ခဲ့ကြတာ တကယ်ပျော်စရာကြီး။ဒီလိုမျိုးသူမပျော်ရတာ ဘယ်လောက်ကြာနေပြီလဲ...။
"ဆော့ဂျင် ဆိုင်ပဲပြန်ပို့ရမှာလား?"
"ဟုတ် Joon ဆိုင်ပဲပြန်မှာ တော်ကြာဆိုင်ကဟာလေးကသူ့ပစ်ထားခဲ့လို့ကောက်နေမှာ"
"ဒါနဲ့...ဆော့ဂျင်ကိုယ်နဲ့အတူရှိရတာပျော်ရဲ့လား?"
"ပျော်တယ် Joon ကျွန်တော်ဒီနေ့လိုမျိုးပျော်ရတာအတော်ကြာနေပြီ..."
ပါးလေးတွေမို့တက်သွားအောင် ရယ်ပြီးပြောလာတဲ့ကောင်လေးက သဘောရိုးပြောလိုက်ပေမဲ့ ကျွန်တော့်ရင်ထဲတော့လှိုင်းလေးတစ်ခုလှုပ်ခတ်သွားတယ်...။
ဒီကောင်လေး ဒီနေ့တကယ်ပျော်နေတာမှန်းကျွန်တော်သေချာသိပါသည်။
အရင်နေ့တွေနဲ့မတူပဲ ကလေးလေးတစ်ယောက်လို ဖြူဖြူစင်စင်ပြုံးပျော်နေတာများ မြတ်နိုးချင်စရာအတိ။ကောင်လေးရဲ့ ကလေးတစ်ယောက်လိုဖြူစင်တဲ့အမူအရာလေးတွေကို မြင်ရဖို့ကျွန်တော်ပိုကြိုးစားရတော့မည်ဟု စိတ်ထဲတေးထားလိုက်ပါသည်။ဟောဒီကောင်ငယ်လေးက ပျော်ရွှင်နေသင့်တယ်လေ ဟုတ်တယ်မလား...။"ဆော့ဂျင် နောက်တစ်ပတ်ပိတ်ရက်ကျ ကိုယ်နဲ့ပြခန်းလိုက်ခဲ့မယ်မလား?"
"လိုက်ခဲ့မယ်လေ ကျွန်တော်လည်းအဲ့လိုမျိုးတွေ သိပ်မသွားဖြစ်တော့ အတွေ့အကြုံရတာပေါ့"
"ပန်းချီကားတွေကိုကြည့်ရတာ အရမ်းစိတ်အေးချမ်းစရာကောင်းတယ် ဆော့ဂျင်ရဲ့"
"အဲ့နေ့ကျမှလိုက်ကြည့်ပါဦးမယ်..."
"ဟားဟား ဟုတ်ပါပြီကွာ"
ကောင်လေးက ဟုတ်ရဲ့လားဆိုတဲ့မျက်နှာပေးလေးနဲ့ပြောလာသည်မှာ ချစ်စရာကောင်းနေ၏...။
<<<<<_________>>>>>
"Joon ကောင်းကောင်းပြန်ပါ"
"ဟုတ်ပြီ ဆော့ဂျင်ပိတ်ရက်ကျတွေ့မယ်နော်"
"ဟုတ်"
မောင်းထွက်သွားတဲ့Joonကားလေးကို လိုက်ကြည့်နေပြီး တော်တော်ဝေးသွားမှဆိုင်ထဲပြန်ဝင်ခဲ့လိုက်သည်။

YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-