ခရီးနှင်လာခဲ့တာ3နာရီလောက်တောင်ရှိတော့ပေမည်။
ခရီးတစ်လျှောက်လုံး Jeonဆီမကြည့်မိပဲ ဘေးပတ်ဝန်းကျင်က
ရှုခင်းတွေဆီသာအာရုံပြုထားလိုက်တယ်။ယွန်းမီနဲ့စကားပြောနေကြ
တာတွေကို လျစ်လျူရှုရင်းနဲ့ပေါ့...။အခုနေ့လည်စာစားချိန်လည်းရောက်နေပြီဆိုတော့ Joonကစားသောက်ဆိုင်တစ်ဆိုင်မှာရပ်ဖို့ပြင်နေတာ..။
"ဟိုမှာတွေ့ပြီ အဲ့ဆိုင်ပဲသွားကြစို့ အဆင်ပြေတယ်မလားကလေးတွေ?"
Joonနဲ့သူတို့နဲ့က4နှစ်လောက်တော့ကွာလိမ့်ပေမည်။ကျွန်တော်ရယ်၊Jeonရယ်၊ယွန်းမီရယ်ကတော့အသက်တူတူပဲ။လကွာတာလောက်ပဲ..။
ဆိုင်ကလေးကသန့်ပါတယ် လူကလည်းသူ့ဟာနဲ့သူများလှသည်။ဒါပေမဲ့ထိုင်ခုံတွေကတော့ နှစ်ယောက်တွဲခုံတွေသာများတယ်..။
"ဟင် ထိုင်ခုံကနှစ်ခုံစာတွေပဲရှိတယ်"
ယွန်းမီကငြီးငြူသံလေးနဲ့ပြောလာသည်။
"ဘာမှမဖြစ်ပါဘူးကွာ နေရာကျန်သေးတာပဲတော်သေးတယ်ပြောရမှာ
ယွန်းမီနဲ့ဂျောင်ဂုတစ်ခုံထိုင်လိုက်လေ ကိုကိုနဲ့ဆော့ဂျင်ထိုင်လိုက်မယ်""အင်းအင်း အဲ့လိုထိုင်ကြမယ်"
လေးယောက်လုံးစုထိုင်ချင်နေတဲ့ ယွန်းမီက Joonပြောလိုက်မှခေါင်းလေးငြိမ့်ပြီး Jeonနဲ့အတူဝင်သွားထိုင်သည်။
သူထိုင်ဖို့နေရာကိုသွားတော့ Joonကအရှေ့ကသွားပြီး သူထိုင်ဖို့ခုံ့ကထုတ်ပေးသည်။Joonဒီလိုလုပ်ပေးတာဟာ ဒုတိယအကြိမ်..။"ဆော့ဂျင် ခန"
သူထိုင်မယ်လုပ်တော့မှ Joonကထအော်သည်။
"ဘာ..ဘာလို့လဲJoon?"
"ခုံမှာတစ်ခုခုပေနေလို့"
ပြောပြီး Joonကတစ်ရှုးယူကာသုတ်ပေးသည်။
"ကဲ ရပြီထိုင်"
"ကျေးဇူးပါ Joon"
"ရပါတယ်ဗျာ"
"ကိုဘာစားမလဲ?"
"ကို..?"
ကို့ ကိုဘာစားမလဲမေးလိုက်ပေမဲ့ ကိုကသူ့စကားကိုမကြား ပြန်လည်းမဖြေလာသည်မို့ menu bookကိုငုံ့ကြည့်ေနရာကနေ မော့ကြည့်လိုက်တော့ ဘေးတစ်နေရာကို အံကြီးကြိတ်လျက်ကြည့်နေတာ။သူကြည့်တဲ့နေရာကို လှည့်ကြည့်လိုက်တော့ Menu bookကိုကြည့်ပြီးရယ်နေကြတဲ့ ကိုကိုနဲ့ဆော့ဂျင်...။
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-