မနက်လင်းတော့လည်းဂျွန်ဟာသူ့ဘေးမှာရှိမနေ။
သူ့အခန်းထဲ သွားရှာတော့လည်းမရှိ။
သူလည်းရှာမနေတော့ဘူး ဆိုင်သွားဖို့ပြင်ရသည်။ဆိုင်လေးကိုသူ့အသက်20မှာဝယ်ခဲ့တာ။
အဲ့တုန်းကကျောင်းတက်နေဆဲဆိုတော့
မဖွင့်ပဲ နှစ်နှစ်လောက်ကြာမှဖွင့်ခဲ့တာ
ကျောင်းတက်ရင်းအချိန်ပိုင်းအလုပ်တွေလုပ်ပြီးပိုက်ဆံစုခဲ့တာ။
တကယ်ကပိုက်ဆံကြောင့်မဟုတ်ပဲ
ဂျွန့်အပေါ်ခံစားချက်တွေရှိနေခဲ့တော့ သူရှောင့်သင့်သလောက်ရှောင်ဖို့
အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ပြီးခဲ့တာ။
ဒါပေမဲ့လည်းဂျွန်က သူကော်ဖီဆိုင်မှာလုပ်ရင်
ကော်ဖီဆိုင်ကိုကောင်မလေးတွေခေါ်ပြီးလာခဲ့တာ။
ကျွန်တော့်ကိုတမင်နှိပ်ဆက်နေသလိုပဲ...။အစကကော်ဖီဆိုင်လေးဖွင့်ဖို့လုပ်ခဲ့ပေမဲ့ ကော်ဖီဆိုင်ဆို
ဂျွန်ကကောင်မလေးတွေနဲ့ရောက်လာမှာပဲလေ။
မြေအိုး၊မြေခွက်လေးတွေကိုလည်း မိန်းကလေးအများစုက
ကြိုက်ကြပေမဲ့အဲ့လိုဆိုင်တွေတော့သိပ်မသွားကြဘူးမလား..?
အဲ့လိုရည်ရွယ်ပြီးဖွင့်ခဲ့တာ ဝါသနာပါလို့ရယ်တော့မဟုတ်ဘူး
ဒါပေမဲ့ အဲ့လိုပစ္စည်းလေးတွေလုပ်ရတာအရမ်းပျော်ဖို့ကောင်းတယ်
အဲ့ပစ္စည်းလေးပေါ်မှာပဲအာရုံစိုက်နေရင်
ခိုးချစ်ရသူအကြောင်းကိုသိပ်မတွေးဖြစ်တော့ဘူးလေ..။_________
ဆိုင်ကအရမ်းကြီးလည်းအကျယ်ဘူး ဆိုင်ခန်းငယ်လေး။
ဒီဆိုင်ခန်းငယ်လေးကကျနော့် နားခိုရာနေရာလေးလည်းဖြစ်ခဲ့တယ်။
ဂျွန့်ကြောင့်စိတ်တွေပင်ပန်းတဲ့နေဆို ဒီဆိုင်အနောက်ထဲကပစ္စည်းလုပ်တဲ့
အခန်းထဲမှာတစ်ခါတစ်လေအိပ်ဖြစ်တယ်။
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-