သူတို့Hotelပြန်ရောက်တော့ ညနေစောင်းလုအချိန်တွင်ဖြစ်သည်။
မိုးကတစ်နေရာနဲ့တစ်နေရာမတူ။စားသောက်ဆိုင်ဘက်မှာ သဲကြီးမဲကြီးရွာသွားပေမဲ့
Hotel ဘက်မှာတော့ မိုးဖွဲဖွဲသာကျထားသည့်ပုံ။ဒီနေ့တစ်နေကုန် ကျွန်တော့်Jeonကိုစကားမပြောခဲ့ပါ။အခုထိလည်းမပြောသေးတာမို့
Jeonကကျွန်တော့်ကို မနက်ကတည်းကြည့်ကြည့်,ကြည့်ကြည့်နဲ့ဖြစ်နေတာ ကျွန်တော်
သိပါသည်။ဒါပေမဲ့လည်း အရေးမပေးမိ။ယွန်းမီရှေ့မှာဆိုတော့ ရှောင်သင့်တာတွေရှောင်ရမည်လေ။ဟုတ်တယ်မလား...။"မီတို့ရေကူးကြမလား?"
အခန်းကိုပြန်နေတဲ့ဓာတ်လှေကားထဲမှ ရေကူးကြမလားဟုရုတ်တရက်ဆိုလာသောယွန်းမီ။
"မိုးချုပ်တော့မယ်လေ ယွန်းမီ"
ယွန်းမီရဲ့အမေးကိုပြန်ဖြေလိုက်သော Jeon...။
"Hotelရေကူးကန်မှာပြောတာပါ ကိုရဲ့"
"အင်း အ့ဆိုလည်းခနကူးကြတာပေါ့"
"ကိုကိုတို့ရော ကူးဦးမလား?"
ကျွန်တော့်နဲ့Joonကိုကြည့်၍မေးလာသော ယွန်းမီ...။
"ကိုယ်ကအဆင်ပြေတယ် ဆော့ဂျင်ရော"
"ကျွန်တော် မလိုက်တော့ဘူးနားချင်လို့"
"ခနလောက်အညောင်းအညာပြေအောင် ရေစိမ်လိုက်ခဲ့ပါလား ဆော့ဂျင်ရယ်"
". . . . ."
"ထားလိုက်ပါ ယွန်းမီရယ် ဆော့ဂျင်ပင်ပန်းလို့နေမှာပါ"
Joonကကျွန်တော့်အကြောင်းသိသူမို့ အတင်းမလိုက်စေချင်ပုံ...။
"အင်းပါ လိုက်ခဲ့ပါမယ်"
"အဆင်ပြေလို့လား ဆော့ဂျင်ရဲ့နားချင်နားလေ"
"ရပါတယ် Joonရဲ့ခနတော့ လိုက်ရပါတယ်"
"အင်း အ့ဆိုလည်းခနကူးပြီး ညစာစားကြတာပေါ့"
"အင်း အဝတ်လည်းပြီး ရေကူးကန်ကိုလာခဲ့ကြနော်"
"ဟုတ်"
<<<<<_________>>>>>
"ဆော့ဂျင် နားချင်နားနော် ဘာမှမဖြစ်ဘူး"
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-