မနေ့ညကအသောက်လွန်သွားပြီး မနက်ကျ ဆော့ဂျင်တစ်ယောက်
ခေါင်းတွေရှယ်ကိုက်နေပါပြီ။
ခေါင်းကိုက်တာကတစ်မျိုး ဘေးကနေလူကိုကျိုးကြေမတက်
လက်တွေရောခြေထောက်တွေအကုန်ဖိထားတဲ့ ဂျွန်ကတစ်မျိုးနဲ့။"အား ခေါင်းတွေကိုက်တာကွာ"
ဘေးကခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ပြီး မနည်းထရသည်။
ဆိုင်ပိတ်ရက်မို့တော်သေးသည်။
မနေ့ညကအင်္ကျီကြီးလည်း မလဲရသေးတာမို့
မျက်နှာသစ်ရင်းရေပါတစ်ခါတည်းချိုးလိုက်သည်။
ရေချိုပြီး မိုးအေးသည်မို့ Hoodieတစ်ထည်နဲ့
တွေ့ရာဘောင်းဘီတိုကောက်စွပ်လိုက်သည်။လူကနုန်းနေသည်မို့ မနက်စာကိုလည်းမထူးတလည်လုပ်မနေတော့
ကော်ဖီတစ်ခွက်သာဖျော်လိုက်သည်။
ဖျော်ထားတဲ့ကော်ဖီခွက်ကိုယူပြီး စိတ်ကြည်သွားအောင်
ဝရန်တာမှာသွားရပ်ပြီး ခြံဝန်းထဲကစိမ်းစိုစိုအပင်လေးတွေကို
ကြည့်နေလိုက်သည်။ကျွန်တော့်အိမ်ကခြံဝန်းငယ်လေးနဲ့
တစ်ထပ်အိမ်လေးဖြစ်သည်။တစ်ယောက်ထဲ အေးအေးချမ်းချမ်းနေချင်လို့ဒီလိုအိမ်လေးရွေးဝယ်ထားတာ။အခုတော့တစ်ယောက်ထဲမဟုတ်။
အရင်ကတည်းကသူစိတ်ကူးယဉ်ထားတာ ဂျွန်ရဲ့ချစ်သူအဖြစ်
ဂျွန်နဲ့တစ်အိမ်ထဲအတူနေပြီး ချစ်စရာအမှတ်တရလေးတွေကို
ဖန်တီးချင်တာ။အခုတော့ ချစ်ရသူလေးရဲ့ချစ်သူမဟုတ်ပဲ ခိုးချစ်ရသူအဖြစ်နဲ့သာနေနေရသည်။ဒါပေမဲ့ အခုလိုပဲဖြစ်ဖြစ်ဂျွန်နဲ့အတူနေရတာလည်းသူပျော်ပါသည်။
ချစ်ရသူနဲ့တစ်အိမ်ထဲနေရတာကို ဘယ်သူကများမပျော်ပဲနေလိမ့်မည်လဲ။
မကြာပါ မိုးဖွဲလေးတွေကျလာလေပြီ။~
ထိုအချိန်အနောက်ဘက်မှခံစားလိုက်ရသော နွေးထွေးမှုတစ်ခု။
ဟုတ်ပါသည် ဂျွန်ကျွန်တော့်ကိုအနောက်မှသိုင်းဖတ်လိုက်တာ။"မိုးကျနေတာကို ဘာရပ်လုပ်နေတာလဲ?"
ပုခုံးပေါ်ကိုမျက်နှာအပ်ပြီးပြောနေသူကြောင့်
ဘယ်ဘက်ရင်အုံထဲကအကောင်ပေါက်ကလည်း တစ်ဒိတ်ဒိတ်နဲ့။
ကြက်သီးမွေးညှင်းတွေတောင်ထသွားသည်။ဂျွန်ကရင်ခုန်အောင်လည်း
ပြုစားတက်ပါသေးသည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-