Jeonက ထွက်လာကတည်းကဘာစကားမှမပြောပဲ
ကားကိုဇွတ်မောင်းလာတာ။ဆိုင်ကိုမောင်းပို့ပြီးတော့လည်း ဘာမှမပြောပဲ
လှည့်ပြန်သွားတယ်။ဘာတွေဖြစ်နေပြန်လဲမသိပါဘူးဗျာ။
ယွန်းမီနဲ့ရန်ဖြစ်လာတာလည်းမဖြစ်နိုင်လောက်ပါဘူး
ယွန်းမီကမပြန်ခင်သူ့ကိုနမ်းတောင်သွားသေးတာပဲ။Jeonရဲ့ထွက်သွားပြီဖြစ်တဲ့ကားကို တစ်ဆုံးထိလိုက်ကြည့်ပြီးတွေးနေမိသည်။ဆိုင်ထဲကကောင်လေးကိုလှမ်းကြည့်လိုက်တော့လည်း
ကုပ်ကုပ်ကုပ်ကုပ်နဲ့ဘာတွေလုပ်နေလဲမသိ။အပြင်သွားတာ ကြာသွားတဲ့အတွက်ထယ်ယောင်းအတွက်
လည်းမုန့်ဝယ်လာရတယ်။တော်ကြာ ကြာလို့ပြောနေမှာ။
အဲ့ကလေးကလည်းကြောက်ရတယ်ရယ်..။"အော အကိုပြန်လာပြီလား?"
"အွန်း ရော့ မင်းအတွက်မုန့်"
"ကြာသွားလို့ လာဖားနေတာမလား..?"
လူကိုစူးစိုက်ပြီးပြောနေတာ ကြောက်စရာလေး..။
"မဟုတ်ပါဘူး မစားချင်ရင်ပေး"
ပြန်တောင်းတော့ အထုတ်ကိုနောက်ဝှက်ပြီး ချက်ခြင်းဖောက်စားတော့တာ။ဘယ်လိုဟာလေးမှန်းမသိ..။
"ဒါနဲ့အကိုတို့က ဘယ်သွားပြီးဘာတွေစားခဲ့ကြတာလည်း?"
"Mallသွားတာလေ"
"အော်..."
"အော်မနေနဲ့မြန်မြန်စား ပြီးရင်အော်ဒါတွေလုပ်ရမှာ"
"ဟုတ်ဟုတ်"
မုန့်တွေပလုတ်ပလောင်းနဲ့ပြောနေတာ..။
__________
"ကိုကို ဆော့ဂျင်ကိုဘယ်လိုမြင်လဲ?"နမ်ဂျွန်းကားမောင်းနေတုန်း ဘေးကညီမဖြစ်သူမေးခွန်းကြောင့်
ကြောင်သွားသည်။"ဘာကိုမေးတာလဲ ယွန်းမီ?"
"အော် ဆော့ဂျင်ကိုဘယ်လိုလူမျိုးလို့မြင်လဲလို့မေးတာ"
"အွန်း လူကောင်းလေးပါဖြူဖြူစင်စင်လေးနဲ့ချစ်စရာလေး"
"ဟက် ဖြူဖြူစင်စင်လေး?"
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-