ဂျောင်ဂု မနေ့ညကအိပ်ယာအပြောင်းအလဲကြောင့်အိပ်လို့မပျော်ပါ။သူတကယ် အကောင်ပေါက်အိပ်ယာမဟုတ်ရင်မအိပ်တတ်တော့ဘူးဖြစ်သည်။အဲ့တာကြောင့် မျက်လုံးကြောင်ကာအစောကြီးနိုးနေတာဖြစ်သည်။အကောင်ပေါက်အိမ်ဖြစ်ပြီး ကိုယ့်အခန်းကိုယ့်အိပ်ယာဖြစ်တာတောင် အိပ်မပျော်တဲ့လူက ဒီအိမ်ဒီအိပ်ယာမှာအိပ်မပျော်တာ ကဘာမှပြောစရာမရှိတော့...။
အရင်လိုနိုးလာရင် ဘေးမှာကိုယ်ငွေ့နွေးနွေးလေးကိုမခံစားရတော့ စိတ်ထဲဘဝင်မကျချင်။အိပ်မပျော်တာနဲ့တွေ့တော့ ပိုလို့ပင်စိတ်ကမကြည်တော့။အရင်ကဆို ဘေးမှာအိပ်နေတဲ့ခန္ဓာကိုယ်လေးကိုမတွေ့ရတောင် မီးဖိုချောင်ထဲမှာ လှုပ်စိလှုပ်စိနဲ့ ကိုယ့်အတွက်မနက်စာပြင်ပေးနေတဲ့ခန္ဓာကိုယ်လေးကိုတွေ့ရတယ်လေ။အခုတော့ အရာရာဟာအရင်ကနဲ့မတူတော့...ဘယ်သူ့ကိုစိတ်တိုလို့တိုရမှန်းလည်းမသိ။
အိပ်ယာထဲကနေ စိတ်မပါလက်မပါထပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးအမှူကိုစတင်ရသည်...။
<<<<<_________>>>>>
"အော် ကို နိုးပြီလား?"
"အင်း ယွန်းမီ ကောင်းကောင်းအိပ်ပျော်ရဲ့လား?"
ထမင်းစား စားပွဲခုံမှာထိုင်နေတဲ့ယွန်းမီရဲ့အမေးကို လှေကားပေါ်ကဆင်းနေရင်း အဖြေပေးလိုက်ပြီးနောက် ယွန်းမီနဲ့မျက်နှာချင်းဆိုင် ခုံမှာဝင်ထင်လိုက်သည်...။
"မီလား....အိပ်မပျော်ဘူး"
"ဟင် ဘာလို့လည်း?"
"ကိုနဲ့ တစ်အိမ်ထဲအတူတူနေရတယ်ဆိုတဲ့အသိကြီးက စိတ်လှုပ်ရှားစေလို့ ဟီး"
"အော် ဘာများလည်းလို့ယွန်းမီရယ်"
"ကိုကရော မီနဲ့အတူနေရတာ မပျော်ဘူးလား?"
ပြောရင်း ထိုင်နေရာမှထကာ ကျွန်တော့်ဘေးခုံကို ရောက်လာပြီး လက်မောင်းကိုချိတ်ကိုင်ကာ ခပ်ချွဲချွဲလေးမေးလာသော သူမ...။
"အင်း..ပျော်ပါတယ်"
"ဟွန်း ဖြေပုံကြီးကလည်းနော်"
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-