Part~9

1.5K 177 13
                                    

ညနေမစောင်းခင် ဂျွန်ကယွန်းမီဆီအရင်ထွက်သွားသည်။
ကျနော်လည်းသွားရမှာဆိုတော့ ဆိုင်စောပိတ်ရမည်။

"ထယ်ယောင်း ဒီနေ့အကိုဆိုင်စောပိတ်မယ်နော် မင်းလည်းပြန်လို့ရပြီ"

"အကိုသွားစရာရှိလို့လား?"

"အင်း ဟိုနေ့ကလာတဲ့ဂျွန်ကောင်မလေးမွေးနေ့ဖိတ်ထားလို့လေ
မင်းလည်းလိုက်မလား?"

"တော်ပါအကိုရာ ကျနော့်မှမဖိတ်ပဲ"

"အေးပါကွာ အ့ဆိုပိတ်ကြစို့"

"ဟုတ်ဟုတ်"

ဆိုင်ပိတ်ပြီး သွားဖို့အိမ်ကိုအဝတ်အစားသွားလဲရမည်။

ဒီလိုပွဲတွေသိပ်မသွားဖြစ်တော့ အိမ်ရောက်တော့လည်း
ဘာဝတ်ရမလဲဗျာများရသေး...။

ရိုးရိုးရှင်းရှင်း ထောပတ်စိမ်းရောင်Shirtနဲ့Style pants အဖြူလေးနဲ့
တွဲဝတ်ကာရင်ဘတ်ကကြယ်သီးနှစ်လုံးလောက်ဖြုတ်ပြီး ဝတ်လိုက်သည်။
        
                               _________

Mallကိုဖြတ်မှလက်ဆောင်ဝယ်ဖို့ သတိရလို့ပြန်လှည့်ဝယ်ရ
ပြန်သေးသည်။
မိန်းကလေးဆိုလို့မေမေကလွဲပြီး ဘယ်သူ့မှလက်ဆောင်ဝယ်
မပေးဘူးတော့ ဘာဝယ်ပေးရမှန်းမသိ။
အမျိုးသမီးပစ္စည်းတွေရောင်းတဲ့Brandဆိုင်ထဲဝင်ကြည့်တော့ ရွေးစရာတွေကလည်းများ...Scarfလေးတွေစီမျက်စိရောက်သွားတော့ သွားကြည့်ပြီး ယွန်းမီနဲ့လိုက်လောက်မဲ့အထက်တန်းဆန်ဆန်လှတဲ့ဟာလေးကိုယူမလို့လက်လှမ်းတုန်း ဘေးကလူတစ်ယောက်ကအဲ့ဒါကိုယူသွားသည်။

"ဟေ့လူ အဲ့ဒါကျွန်တော်ယူမလို့လေ"

"What?"

ဘာလား နိုင်ငံခြားသားလားပဲ..?
မျက်မှန်တပ်ထားတာမို့ မျက်နှာကဘာလူမျိုးဖြစ်လောက်မလဲခန့်မှန်းမရ။
လူကထောင်ထောင်မောင်းမောင်းမို့ နိုင်ငံခြားသား
ဖြစ်လောက်မည်ထင်သည်။
သူ့ကိုထပ်ပြောမလို့ လုပ်တုန်း ဝန်ထမ်းမလေးတွေရောက်လာပြီး
ဘာဖြစ်တာလဲလာမေးကြသည်။

"ဘာများဖြစ်လို့ပါလည်း လူကြီးမင်းတို့"

"အဲ့ လည်စည်းလေးကျွန်တော်ယူမလို့လုပ်တုန်း အဲ့လူယူသွားလို့"

Friend But...Where stories live. Discover now