ပွဲလည်းပြီးပြီမို့ အမြန်ပြန်ဖို့ပြင်ရသည်။
"သားဂျွန်"
မာမီ့ဆီမှခေါ်သံကြားတော့ Carဆီသွားနေတဲ့ခြေလှမ်းတွေရပ်သွားတယ်။
"ဗျာ မာမီ"
"ခုနက ပွေ့ချီခံသွားရတာဂျင်လေးလား?"
"ဟုတ်"
အဲ့ဒါကိုစိတ်တိုနေပါတယ် မာမီကပြန်လာပြောနေတာ..။
"ဂျင်လေး လာတာတောင်မာမီမသိလိုက်ဘူး"
"....."
သူအမြန်ပြန်မှဖြစ်ဖြစ် အကောင်ပေါက်ကိုဟိုလူချီခေါ်သွားတာ ဘာတွေဖြစ်နေပြီလဲမသိ။ပိုဆိုးတာက အကောင်ပေါက်မူးနေတော့ဘာမှသိမှာမဟုတ် ပြီးရင်အကောင်ပေါက်ကမူးနေပုံ အရမ်းချစ်စရာကောင်းတာ..။
"သား ပြန်တော့မယ်မာမီ"
"ဟေ နေပါဦး ယွန်းမီ မိဘတွေနဲ့စကားပြောရအောင်လေ"
"ခုနကလည်း သေချာမပြောရသေးဘူးမလား?"
"နောက်နေ့လည်းတွေ့ရဦးမှာပဲ မာမီရယ်"
"သား ပင်ပန်းနေပြီ"
"အေးအေး အ့ဆိုလ.."
"မပြန်ရဘူး!"
မာမီ့အနောက်အိမ်ထဲက ထွက်လာသောဒယ်ဒီ့ရဲ့အသံ...။
"ဒယ်ဒီ ကျွန်တော်ပင်ပန်းနေလို့ပါ"
"မပြန်ရဘူးဆို မပြန်ရဘူးနော် ဂျွန်ဂျောင်ကု အထွန်မတက်နဲ့ ခနနေဦး"
“ကျစ်!
ဖေဖေတို့မကြားအောင် စုပ်တစ်သက်လိုက်သည်။
_________
ယွန်းမီတို့ အိမ်ထဲပြန်ဝင်လာပြီး စကားပြောရသေးသည်။
ယွန်းမီကကျွန်တော့ဘေးမှာထိုင်ပြီး ကျွန်တော့်လက်ကိုကိုင်ထားသည်..။"သမီးတို့နှစ်ယောက်ရော အဆင်ပြေကြရဲ့လား?"
"ပြေတာပေါ့ ဦးလေးကလည်း"
"ဘာဦးလေးလည်း နောက်လည်းချွေးမတော်ရတော့မှာကို ဖေဖေလောက်တော့လုပ်ပါ"
ယွန်းမီကကျနော့်မျက်နှာကိုတစ်ချက်မော့ကြည့်ပြီး ဒယ်ဒီ့ကိုပြန်ဖြေသည်။
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-