သူ့ကိုမြင်လိုက်တော့ ဆိုင်မှာပဲဆက်စားရမလို ပြန်ထွက်သွားရမလို ဒါပေမဲ့လည်းကိုယ်အကြိုက်ဆုံးဆိုင်လို့ပြောလို့ တကူးတကလိုက်ပို့ပေးတဲ့ Joonမျက်နာလည်းရှိသေးတော့ပြန်ဖို့ကလည်းမသင့်တော်ပေ...။
ထို့ကြောင့် သူတို့ဝိုင်းကိုလာဖို့မခေါ်ဖို့ပဲဆုတောင်းရမည်။
"ဆော့ဂျင် ဂျောင်ဂုတို့ဝိုင်းမထိုင်ချင်ဘူးမလား?"
"ဟင်..အာ ဟုတ်"
"အ့ဆို တစ်ခြားဝိုင်းပဲထိုင်ကြမယ်နော်"
"ဟုတ်"
ကိုယ်စိတ်ခံစားချက်ကိုသိနေသူ Joonကြောင့်ပင် ဒီတစ်ခါတော့သူနဲ့မျက်နှာချင်းမဆိုင်ရတော့။သို့သော်ငြား မြင်ပြီးမှဂရုမစိုက်ဘဲအခန့်သားထွက်သွားဖို့ကြလည်း ကိုယ်တွေကိုအပြုံးခပ်ရေးရေးဖြင့် ကြည့်နေသူယွန်းမီကြောင့် နေရာလွတ်တစ်နေရာကိုလက်ညိုးထိုးပြကာ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ သူမကလည်းခေါင်းပြန်ငြိမ့်ပြသည်။သူမဘေးက Jeonကတော့ အခုထိမလှုပ်မယှက်စိုက်ကြည့်နေတုန်းသာ...။
Jeonကတော့ဘာပဲဖြစ်ဖြစ်ပါ ကိုယ်ဆိုလိုချင်တာကိုသဘောပေါက်တဲ့သူမကြောင့် တော်သေးတယ်ပြောရမည်လေ...။
"Joon ဟိုနားသွားရအောင်"
"အွန်း"
"ဆော့ဂျင်ဒီဘက်ထိုင်လိုက်နော်"
အကြောင်းသိသူ Joonက Jeonတို့ကိုကျောပေးကာထိုင်စေသည်။တကယ်တော့ ကိုယ်လည်း သူနဲ့မျက်နှာချင်းဆိုင်ထိုင်မနေချင်ပါ...။
<<<<<_________>>>>>
"Joonဆိုင်ထဲဝင်ဦးလေ ကျွန်တော် Joonကိုပန်းအိုးလေးလက်ဆောင်ပေးချင်လို့"
နေ့လည်စာစားပြီးတော့ Joonကဆိုင်ကိုပြန်လိုက်ပို့ပေးတာဖြစ်သည်။အပြန်ကားပေါ်မှာ Joonကိုဘာကြိုက်တတ်လည်းမေးတော့ အပင်လေးတွေနဲ့ပန်းချီတွေကိုသဘောကျသည်တဲ့ သူနဲ့အတူပိတ်ရက်ကျ ပန်းချီပြခန်းလိုက်ဖို့တောင်ဖိတ်ထားသေးသည်။ပိတ်ရက်ဆိုတော့ အပြည့်အဝနားချင်ပေမဲ့ စိတ်အပြောင်းအလဲလေးဖြစ်သွားအောင်လိုက်ဖို့ဆုံးဖြတ်ထားသည်။
YOU ARE READING
Friend But...
Fanfiction"ဂျွန် ငါ့ကိုချစ်လား" "အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းနဲ့" {Start date-4.5.22} {End date-