1

13.4K 864 15
                                    

(Zawgyi Version)

အခန်းအပြင်မှာ ရိုးရှင်းသည်။အဖြူရောင်မွေ့ရာ၊အဝတ်ဗီဒို၊စားပွဲတစ်လုံး၊ဧည့်ခန်းသဖွယ်ဆိုဖာများသာရှိပြီး အားလုံးလိုလိုက အဖြူရောင်သာ သုံးထားသည်။

အခန်းက ကျယ်သော်လည်းပစ္စည်းက များများစားစားမရှိ။သို့သော် အခန်းတွင်းရှိ ပစ္စည်းအများစုသည် တန်ဖိုးကြီးသော ပစ္စည်းများသာဖြစ်သည်။

ပိုင်ကျင်းသည် ပြူတင်းပေါက်မှတစ်ဆင့် မြင်နေရသော မြင်ကွင်းကို တိတ်ဆိတ်စွာငေးကြည့်နေမိသည်။၅ထပ်အမြင့်မှ မြင်ရသော မြင်ကွင်းက အလွန်ကြည့်ကောင်းလှသည်။

ရေများ တဖွားဖွားကျနေသော ရေပန်း၏ အလယ်တွင် မတ်တတ်ရပ်နေသော အမျိုးသမီးရုတ်ထု၃ရုပ်ရှိနေပြီး ဘေးဘက်တွင် အစိမ်းရောင်နွယ်များက ရစ်ပတ်ထားသေးသည်။

ရေများစီးကျကာ လှုပ်ခက်နေသော ရေထဲတွင်လည်းရွှေငါးများ ကူးခက်သွားလာနေသည်ကို ဝေဝေဝါးဝါးမြင်နေရသည်။

မြင်နေကျမြင်ကွင်းပေမို့ ပိုင်ကျင်းကြာကြာမကြာတော့။အဖြူရောင်ခန်းစီးလိုက်ကာစကို ပြန်ပိတ်ထားလိုက်ပြီး တိုင်ကပ်နာရီကိုလှမ်းကြည့်မိလိုက်သည်။

မနက်၉နာရီသို့ညွှန်ပြနေသော နာရီကိုကြည့်နေမှာစဉ် အခန်းတံခါးခေါက်သံက တတောက်တောက်ထွက်လာ၏။

"ဝင်ခဲ့"

ထိုနေရာမှရပ်ပြောသော်လည်း အဆင့်မြင့်လှသော အခန်း၏ စနစ်ကြောင့် အခန်းတံခါးကပွင့်သွားပြီးအမျိုးသမီးတစ်ယောက်က ဝင်လာသည်။သူမ၏ နောက်တွင် ကုတ်အနက်အရှည်ဝတ်ထားသော အမျိုးသားတစ်ယောက်က ပါလာ၏။

"ကျင်းသခင်လေး ကျွန်မ ဆရာဝန်ကို ခေါ်လာပါပြီ"

မစ္စရန်က ပိုင်ကျင်းကိုကြည့်ကာ ဆိုသည်။သူမက မွေ့ရာတစ်ဖက်တွင်မတ်တတ်ရပ်နေသောပိုင်ကျင်းကိုကြည့်ကာ အပြုံးတို့ကဝေဆာသွားသည်။

သို့သော် ပိုင်ကျင်းက ခြေထောက်ကိုတစ်လှမ်းသာလှမ်းပြီး ဘေးနားရှိ ဘောင်တန်းကိုဆုပ်ကိုင်လိုက်သောအခါ မစ္စရန်က ကပြာကယာအနားသို့ရောက်လာသည်။

သူမက ပိုင်ကျင်း၏ လက်ကိုတွဲကိုင်ပေးပြီး

"အဆင်ပြေရဲ့လား ကြာကြာမတ်တတ်ရပ်လိုကာလို့ထင်တယ်"

GRAYWhere stories live. Discover now