(Zawgyi Version)
"ကျွန်တော်လက်မခံဘူး!""မင်းတစ်ယောက်တည်းဆုံးဖြတ်ချက်နဲ့ လုပ်ရမဲ့ကိစ္စမဟုတ်ဘူး နားလည်စမ်းပါပိုင်ကျင်း"
ခေါင်းမာကာ နားချရှင်းပြမရသော ပိုင်ကျင်းကို ပိုင်ကျားယွဲ့က သူ၏ ဆွေးနွေးခန်းထဲခေါ်ကာ အကျိုးအကြောင်းရှင်းပြသော်လည်း လုံးဝမရ။ပိုင်ကျင်းက ခေါင်းခါမြဲသာ။
"မဖြစ်နိုင်ဘူး သူက တောရိုင်းသတ္တဝါတစ်ကောင်မဟုတ်ဘူးလေ"
"အခုလက်ရှိမှာတော့ သူက သတ္တဝါတစ်ကောင်ပဲလေ လူတွေကိုအန္တရာယ်ပေးနိုင်လောက်တဲ့အထိ ခွန်အားကြီးတယ်"
"တိုက်ဆိုင်မှုကြောင့် သူပြောင်းလဲသွားရုံလေးတင် ....... သူက လူသားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ငြင်းလို့မရဘူးအဖေ"
"တိုက်ဆိုင်မှုမဟုတ် ၊ သူကိုက အဲ့လိုဖြစ်နေခဲ့တာ "
ပိုင်ကျားယွဲ့က သက်ပြင်းချရင်း အေးအေးလူလူရှင်းပြလေသည်။
"ငါတို့က အသိနောက်ကျခဲ့တာ"
"ဘာပဲဖြစ်ဖြစ် ကျွန်တော်လက်မခံဘူး"
"ခေါင်းမာရမဲ့ကိစ္စမဟုတ်ဘူး ဒီတိုင်းဆက်ထားရင်း G1 က အာဏာပိုင်တွေလက်ထဲရောက်သွားပြီး ဒီထက်ပိုဆိုးတဲ့ အခြေအနေကို မင်းမြင်ရလိမ့်မယ်"
ပိုင်ကျင်းက မျက်နှာပျက်သွားသည်။ သူက မျက်လွှာကိုချရင်းကို စိတ်ကိုကြိုးစားပြီး တည်ငြိမ်အောင်လုပ်နေရ၏။
"တခြားနည်းလမ်းရှိမှာပါ"
"အဲ့ဒီတခြားနည်းလမ်းကိုရှာဖို့အတွက် ငါတို့မှာအချိန်မရှိတော့ဘူး ၊ လူတွေအသက်ခံထာရတဲ့ကိစ္စကြောင့် အားလုံးက ဒေါသထွက်နေတယ်၊ဝံပုလွေတွေကို သတ်ချင်နေကြတယ် ၊ ငါတို့ဆီမှာ G1 ရှိနေမှန်းသာသိသွားရင် ပြဿနာက ကိုရှုပ်ကုန်မှာ အဲ့အခုကျ မင်းရော ကလေးတွေရော အကုန်ဒုက္ခရောက်လိမ့်မယ်"
"အသွင်ပြောင်းဝံပုလွေတွေက သူ့ဘာသူနေကြပါတယ် ၊ အကြောင်းမဲ့ကိစ္စနဲ့ လူတွေကိုသတ်မှာမဟုတ်ဘူး "
"အမြဲတမ်း တသတ်မတ်တည်းမှတ်လို့မရဘူး။တစ်ခါတရံခွန်အားကြီးတဲ့လူနဲ့ ခွန်အားနည်းတဲ့လူ နှစ်ဖက်ဆုံတဲ့အခါ ခွန်အားနည်းတဲ့လူက လဲအနိုင်ရတတ်တာမျိုးလဲရှိတယ် ၊ ဘာလို့လဲသိလား ...... သူ့မှာအားနည်းချက်ရှိတယ်ဆိုတဲ့အကြောင်းပြချက်က လူတွေကိုသနားစေဖို့လုံလောက်တယ်လေ"