8

6.5K 723 56
                                    

(Zawgyi Version)
  
လုပ်ကြံမှု၏ နောက်ကြောင်းဇစ်မြစ်ကို G1 က ရအောင်ဖော်ထုတ်သည်။ထိုအကြောင်းအား ပိုင်ကျားယွဲ့က G1 ကိုတာဝန်ပေးထားပြီး ပိုင်ကျင်းကိုလည်း ဒီထက်ပို၍ စောင့်ရှောက်ပေးရန် သတိပေးထားသည်။

ပိုင်ကျားယွဲ့မှာ အချစ်ဆုံးသားဖြစ်သော ပိုင်ကျင်းအပေါ် နောက်ထပ်အန္တရာယ်မဖြစ်အောင် ဂရုစိုက်စေ၏။

မစ္စရန်က ပန်းကန်လုံးလေးထည့်ထားသော လင်ဗန်းကို သယ်ကာ အခန်းထဲဝင်လာရင်း စားပွဲပေါ်တင်လိုက်သည်။

" သခင်လေး အဆာပြေစားပါဦး"

"အင်း"

ပိုင်ကျင်းက ခေါင်းညိတ်ပြီး တပ်ထားသော စာကြည့်မျက်မှန်ကိုချွတ်လိုက်သည်။

သူက မစ္စရန်ယူလာပေးသည့် ကြက်ပေါင်းပန်းကန်ကို ယူကာတစ်ဇွန်းခပ်သောက်လိုက်သည်။သို့သော် အနံ့အသက်က ပိုင်ကျင်းကို ဒုက္ခပေးနေ၏။

ပိုင်ကျင်းက ကိုင်ထားသော ဇွန်းကိုခပ်ဖြည်းကဖည်းချကာ ထိုင်ခုံကို ကျောမှီလျက် ညင်သာစွာ ငြိမ်သက်နေလိုက်သည်။ မစ္စရန်က မျက်မှောင်ကြုတ်ကာ အရာမယွင်းသော ပန်းကန်ကိုကြည့်၍

"ခံတွင်းမတွေ့ဘူးလား?"

"အင်း"

"အခုရက်ပိုင်း အစားနည်းလာတယ် ၊ အရင်ကထက်တောင်ပိုပြီး အစားနည်းလာတာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးနော်သခင်လေး ၊ နည်းနည်းလောက်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦးလား"

ပိုင်ကျင်းက မျက်တောင်အား ညင်သာစွာ ခပ်ကာ သူမကိုမကြည့်ဘဲ ဖြေလိုက်လေ၏။

"အားဆေးတွေ အမြဲတမ်းသောက်နေတာပဲ။ တအားကြီးမစိုးရိမ်ပါနဲ့"

"မတူဘူးလေသခင်လေး ၊ အားဆေးကလဲကောင်းပေမဲ့ အာဟာရရှိတဲ့ အစားအစာကိုစားတာကလဲ အရေးပါတာပဲ"

"ကျွန်တော်စားချင်တဲ့အခါ ပြောပါ့မယ် ။ အခုတော့ အတည်မစားချင်သေးတာ"

မစ္စရန်က သက်ပြင်းချပြီး ပန်းကန်ကိုသာ ပြန်သိမ်းလေသည်။

သူမက ပိုင်ကျင်းက အားမလိုအားမရဖြစ်သွားပြီး သတိပေးသလိုပြောလိုက်လေသည်။

GRAYحيث تعيش القصص. اكتشف الآن