25

9K 852 31
                                    

(Zawgyi Version)
  
တစ်ယောက်နှင့်တစ်ယောက် ဖလှယ်မိသော Pheromones များနှင့်အတူ ရက်ပေါင်းများစွာကြာလာတော့လည်း နှစ်ယောက်သားဆက်ဆံရေးက ရာသီဥတုလို မအေးစက်ဘဲ နွေးထွေးလာတော့သည်။ အရင်လို နှစ်ယောက်သားကြား စည်းမျဉ်းစည်းကမ်းတွေလည်းမရှိ သခင်နှင့်ကိုယ်ရံတော်ဆိုသော ကြားခံဒြပ်တို့ကပျောက်ကွယ်သွားပြီး တစ်စတစ်စရင်းနှီးကြရင်းမှ ပိုင်ကျင်တို့အဖြစ်မှာ မိသားစုလိုဖြစ်လာတော့၏။

ပိုင်ကျင်းက ကျန်းမာရေးချူချာတတ်တာမို့ G1 က အလုပ်ကိုမလုပ်ခိုင်းဘဲ ကလေးထိန်းတာကအစ သူကိုယ်တိုင်လုပ်ရင်း အိမ်၌နေပြီး စားသောက်ရေးက သူတာဝန်ယူရင်း omega လေးကို တယုတယထားနေတော့သည်။

"ငါက အရင်လိုသခင်လေးလဲမဟုတ်ဘူး။ဒီကလေးထိန်းတာလောက်ကတော့ ငါလုပ်နိုင်ပါတယ်"

"ကျန်တဲ့အချိန်ကို မင်းထိန်းပေါ့ ၊ ညပိုင်းနဲ့မနက်ကိုတော့ ငါကြည့်ပါ့မယ် ၊ ဒီကရာသီဥတုက အိပ်လို့ကောင်းတယ်မလား ....မင်းတော်တော်နဲ့တောင်မထဘူးလေ"

အေးစိမ့်စိမ့်ရာသီဥတုက ပိုင်ကျင်းအတွက်တော့ အိပ်လို့အလွန်ကောင်းပြီး မနက်ဆိုရင်နိုးနေတာတောင် အိပ်ရာထဲကမထချင်ပါ။ G1 က သာမာန်တီရှပ်တစ်ထည်ဝတ်ပြီး နေနိုင်ပေမဲ့လည်း သူကတော့ စောင်အထပ်ထပ်ကိုခြုံပြီးမွေ့ရာပေါ်ကွေးနေမှသာ နေသာထိုင်သာရှိသည်။ ဒါကို G1 က သိနေတော့ ပိုင်ကျင်းက တစ်ခါမှအိပ်ရာမနိုးဘဲ အိပ်ရေးဝဝအိပ်စေကာ အနားယူစေသည်။

"တခြားကိစ္စကိုတွေးပူမနေနဲ့ ၊ မင်းသာကျန်းမာရေးဂရုစိုက် ငါကမင်းတစ်ခုခုဖြစ်မှာစိတ်ပူတာ"

"ငါနေကောင်းနေတာကြာပါပြီ ၊ မင်းရဲ့ pheromones တွေက တော်တော်လေးအဆင်ပြေတယ်ပြောရမယ် ၊ အရင်ကလောက်အခြေအနေမဆိုးတော့ဘူး မင်းသတိထာမိလား"

"အင်း ငါသတိထားမိတယ်"

တကယ်ကိုလည်း ပိုင်ကျင်း၏ အခြေအနေက ကလေးမမွေးခင်ကထက်ကိုပိုပြီး ကျန်းမာလာကာ ပြည့်ပြည့်ဝဝလေးဖြစ်လာပြီး မျက်နှာကလည်း လန်းလာသည်။ အရင်ကဆို ကြီးကြီးမားမားအိမ်ကြီးနှင့်နေပြီး အခြေအရံတွေများစွာရှိပေမဲ့လည်း ပိုင်ကျင်းကတိတ်ဆိတ်ငူငိုင်နေတတ်ကာ ခဏခဏနေမကောင်းဖြစ်တတ်၏။ထို့ကြောင့်လည်း ကလေးမွေးသည့်အခါ တစ်ခုခုဖြစ်သွားမှာကို အားလုံးက စိုးရိမ်ကြီးအရိပ်တစ်ကြည့်ကြည့်ဖြစ်ခဲ့ကြသည်။

GRAYHikayelerin yaşadığı yer. Şimdi keşfedin