12

6.5K 790 106
                                    

(Zawgyi Version)
  
အပေါ်ကုတ်ကို ချွတ်လိုက်ပြီး ကိုယ်လုံးပေါ်မှန်ထဲ ပေါ်နေသည့် မိမိပုံစံကို ပြန်ကြည့်မိသည်။

၉လထဲဝင်နေပြီဖြစ်သော ကိုယ်ဝန်ကြောင့် ဖုံးကွယ်ထားလို့မရတော့ဘဲဝမ်းဗိုက်က သိသိသာသာ ဖောင်းနေ၏။

ကုတ်ကို ခုတင်ပေါ်တင်ပြီးနောက် စူထွက်နေသော ဗိုက်ကို လက်ဖြင့်ဖွဖွစမ်းကြည့်မိသည်။

ဒေါက်တာဝေ့ချီပြောသလို ဒီကိုယ်ဝန်က ပိုင်ကျင်းအတွက် အန္တရာယ်ရှိသည်။နဂိုကတည်းက ကျန်းမာသော ကိုယ်လုံးမဟုတ်တာကြောင့်ရော  ချို့ယွင်ချက်ရှိတာကြောင့်ရော ဝံပုလွေမျိုးစိတ်၏ ကိုယ်ဝန်ကိုလွယ်ရန်ခက်ခဲလှ၏။

သို့သော် ယခုအချိန်မှာဖြင့် သူနောက်မဆုတ်ချင်။နောက်ဆုတ်လို့လဲမရတော့။

ဖြစ်လာသမျှ ကိစ္စကို ရင်ဆိုင်ရင်း ရှေ့ဆက်တိုးသွားမည်ဟုသာ ဆုံးဖြတ်ထားသည်။

လက်ရှိအချိန်မှာတော့ အားလုံးအဆင်ပြေနေသည်။ ပိုင်ကျင်းအတွက် သိပ်ပြီး အခက်အခဲမရှိသေး။

ခြေထောက်တွေကလည်း အရင်ကထက်ပိုပြီး သန်မာလာပြီမို့ ကိုယ်ဝန်ကို ထိန်းကာလမ်းလျောက်နိုင်နေပြီဖြစ်သည်။

ဘယ်လောက်ပဲ ကောင်းနေပါစေ ကလေးမမွေးခင် G1 ဆီက အမှတ်အသားကို ယူမှဖြစ်မည်။

မဟုတ်လျှင် မီးတွင်းထဲမှာပင် ပိုင်ကျင်းဒုက္ခရောက်သွားနိုင်၏။

သို့သော်လည်း ဝံပုလွေမျိုးစိတ်၏ pheromonesက အလွန်ပြင်းထန်သည်။ အားနည်းချက်ရှိသော ပိုင်ကျင်းက အလွန်ပြင်းထန်သော ထို pheromones ကို ခံနိုင်ရည်ရှိမရှိကို ဘယ်သူမှမသိ။

ရိုးရိုး ယာယီအမှတ်အသားလောက်က ကိစ္စမရှိပေမဲ့လည်း တစ်သက်လုံးပါမည့် ထိုအမှတ်အသား၏ သက်ရောက်မှုက ပိုင်ကျင်းအပေါ် ဘယ်လိုဖြစ်လာမလဲဆိုတာက ခန့်မှန်းရခက်နေသည်။

မကြာခင်ဖြစ်လာတော့မည့် အကြောင်းအရာကိုတွေးတောရင်း ပိုင်ကျင်းသက်ပြင်းချလိုက်သည်။

စစချင်း ကိုယ်ဝန်ရှိခါစတုန်းက ထိုကိုယ်ဝန်ကို သူမမက်မောပါ။

GRAYWhere stories live. Discover now