(Zawgyi Version)
တရိပ်ရိပ်သွားနေသည့် ကား၏အပြင်ဘက်ကိုကြည့်ရင်း ပိုင်ကျင်းငြိမ်သက်နေမိသည်။ခန္ဓာကိုယ်က ငြိမ်သက်နေပေမဲ့ နှလုံးသားကနည်းနည်းလေးမှမငြိမ်။ လျို့ဝှက်သော ကိစ္စကိုလုပ်နေရသည့်အတွက်လည်း စိတ်က စိုးရိမ်နေရသည်။ကားက မူမပျက်သွားနေရင်းမှတဖြည်းဖြည်းအရှိန်တင်ကာ မြို့စွန်ဘက်သို့မောင်းထွက်သွားသည်။ ပိုင်ကျင်းက နောက်ဘက်ကိုလှည့်ကာ ကားနောက်ခန်းထဲမှခြင်းတောင်းကို ကြည့်မိသည်။
ခေတ္တကြာအောင်ထိ ကြည့်ပြီးခါမှ သူက ကားမောင်းနေသော R1 ကို ကြည့်ကာ ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူ၏ စကားကြောင့် R1 က လှည့်ကြည့်လာရင်း ခေါင်းခါပြသည်။
"သခင်လေးရဲ့အမိန့်နဲ့လုပ်ရတာပဲ ၊ တောင်းပန်စရာမလိုပါဘူး ၊ ကျွန်တော်က သခင်လေးအမိန့်ကို နာခံရမှာပဲလေ"
"ဒီကိစ္စက မင်းကိုထိခိုက်ဦးမှာ"
"ကျွန်တော်ခံနိုင်ရည်ရှိပါတယ်"
ပိုင်ကျားယွဲ့က ကလေးတွေက တခြားတစ်နေရာပို့သို့ကာ သူနှင့်ခွဲခွာထားမည်ဟုဆိုထားသောကြောင့် ပိုင်ကျင်းမှာလက်မခံနိုင်ဖြစ်ခဲ့ရသည်။ သို့ရာတွင် သခင်လေးရာထူးသာရှိပြီး အင်အားမရှိသော သူက ဘာကိုမှမတတ်စွမ်းခဲ့ချေ။
ထို့ကြောင့် အခက်တွေ့ခဲ့ရသည်။ သို့သော် ကလေးများအား တစ်ခါမှမမြင်ဖူး မသိသော လူတစ်ယောက်ထံသို့ပို့ထားရန်လုံးဝမဖြစ်နိုင်။အကယ်၍ ပို့ပြီးခါမှ တစ်ဖက်လူတွေမိသွားရင်ရော ၊ ဒါမှမဟုတ် ပြန်တွေ့ခွင့်မရအောင် ဖခင်ဖြစ်သူ လုပ်လိုက်ရင်ရော ။
ပိုင်ကျင်းဘဝဟာ ရှင်လျက်နှင့်သေသလိုခံစားရလိမ့်မည်။ ထို့ကြောင့် အရင်တုန်းက ရင်းနှီးခဲ့ဖူးသာ R1 ကို ပြန်လည်ခေါ်ယူကာ အကူအညီတောင်းခဲ့ရခြင်းဖြစ်သည်။ ထိုကာလတွင်လည်း မူမပျက်နေပြီး R1 ကို အမူအရာမပျက်နေခိုင်းရသည်။
ထို့ကြောင့် ပိုင်ကျားယွဲ့က သံသဃမဝင်ဘဲ ပိုင်ကျင်း၏ ဘေးနားတွင် R1 ကို ယုံကြည်စိတ်ချစွာ ထားခဲ့သည်။