15

6.1K 727 34
                                    

(Zawgyi Version)
  
"သူ ကျွန်တော့်ကို မှတ်မိတယ်"

ပိုင်ကျင်းက ပေါင်ပေါ်တင်ထားသော ဝံပုလွေပေါက်လေးများအား ကိုင်တွယ်နေရင်း အေးဆေးစွာဆိုလာသည်။

သူ၏ ထုံးစံအတိုင်း တည်တည်ငြိမ်ငြိမ်ဆိုလာသော်လည်း စကားသံများက ဝမ်းသာနေမှန်း ပျော်နေမှန်း ပိုင်ကျားယွဲ့ခံစားလို့ရသည်။

တကယ်တမ်းလည်း G1 က ပိုင်ကျင်းကို မှတ်မိသည်။ အသိစိတ်မရှိဘဲ တောရိုင်းသတ္တဝါတစ်ကောင်ဖြစ်သွားပြီဟု သတ်မှတ်ထားသည့် G1 က ပိုင်ကျင်းနှင့် ကလေးတွေကို မှတ်မိနေသေးသည်။

"ဂလင်းက ထွက်တဲ့ရနံ့ကြောင့်နေမယ် သူမင်းကိုမှတ်မိတာ"

ပိုင်ကျင်းက ဖျက်ခနဲ့မော့ကြည့်ရင်း

"ဘာအကြောင်းပဲဖြစ်ဖြစ် သူကျွန်တော့်ကိုမှတ်မိတယ်ဆိုတာက အဖေတို့ပြောသလို တောရိုင်းသတ္တဝါတစ်ကောင်မဖြစ်သေးဘူးဆိုတာကို ပြလိုက်တာပဲ"

"သူက တောရိုင်းသတ္တဝါတစ်ကောင်ပဲလေ"

"ဒါပေမဲ့ သူ့မှာ လူအသိစိတ်ရှိနေတယ်"

ပိုင်ကျင်းက နည်းနည်းလေးမှ အရှုံးမပေး။ G1 အား အကုန်လုံးက သတ္တဝါကြီးတစ်ကောင်လို ပြုမူဆက်ဆံနေသည်ကိုလည်း သူမနှစ်မြို့ပါချေ။

ဘာအကြောင်းပဲ ဖြစ်နေပါစေ G1 က သူ့၏ Alpha ဖြစ်သလို မွေးထားသော ကလေးတွေရဲ့ ဖခင်လည်း ဖြစ်နေသေးသည်။

ထို့ကြောင့် G1 အား အန္တရာယ်ဖြစ်စေမည့်ကိစ္စများအား သူ့ဘက်က ရအောင်တားဆီးရန် ပြင်ဆင်ထားသည်။

သို့သော် ခေါင်းမာလှသော ပိုင်ကျင်းကြောင့် ပိုင်ကျားယွဲ့ အကြည့်လွှဲရင်း အဝေးတစ်နေရာကို ငေးမောသည်။ နှစ်ဦးနှစ်ဖက်ခေတ္တ တိတ်ဆိတ်ပြီးခါမှ စကားဝိုင်းက တစ်ဖန်ပြန်လည်အသက်ဝင်လာတော့၏။

"အသွင်းပြောင်းမျိုးစိတ်က အရမ်းကြောက်စရာကောင်းတယ် ၊ မင်းထင်နေတဲ့ ငါတို့ထင်နေတဲ့ ဝံပုလွေမျိုးစိတ်နဲ့မတူဘူး ပိုင်ကျင်း"

ပိုင်ကျားယွဲ့၏ စကားကြောင့် ပိုင်ကျင်းက မျက်လုံးကိုပင့်ကာ ကြည့်လိုက်သည်။ သူ၏လက်တစ်ဖက်ကလည်း ပေါင်ပေါ်က အမွေးပွပွနှင့် အကောင်ပေါက်လေးများအား ချော့မြူနေသေးသည်။

GRAYWhere stories live. Discover now