3

8.8K 788 17
                                    

(Zawgyi Version)
  
ပိုင်ကျင်းအိပ်ပျော်သွားသည်နှင့် မစ္စရန်က G1 ကို အပြင်ခေါ်ထုတ်လာလိုက်သည်။ G1 ကလည်း မစ္စရန်၏ အနောက်ကနေလိုက်လာပြီး ပြောလာမည့်စကားကို နားစွင့်နေသည်။

သူမက တည်ငြိမ်နေသော G1 ကိုကြည့်ကာ

" ငါမင်းကို သေသေချာချာမေးချင်တယ် G1 "

"မစ္စရန် ဘာမေးချင်တာလဲ ၊ ကျွန်တော်ဖြေပေးမယ်"

"မင်းမှာ အနှောင်အဖွဲ့ရှိလား ၊ ငါပြောချင်တာ မင်းမှာ နောက်ဆံတင်းရမဲ့လူရှိလား"

"မစ္စရန်ဆိုလိုချင်တာက ?"

သူမက သပ်ပြင်းချပြီး

"မင်းမှာ ရွေးချယ်ထားတဲ့ omega ၊ ချစ်သူ omega ရှိပြီလား ငါသိချင်တယ်"

"မရှိဘူး"

"ကောင်းပြီ မင်းစကားကို ငါယုံတယ်၊ပြီးတော့ ကျင်းသခင်လေးအပေါ် မင်းဘယ်လိုခံစားရလဲ"

G1 က ခေါင်းငုံ့ကာ တည်ငြိမ်စွာဖြင့် အဖြေပေးသည်။

"ကျင်းသခင်လေးက ကျွန်တော့်ရဲ့သခင်ပါ ၊ သူက ကျွန်တော့်ကျေးဇူးရှင်ရဲ့သား ကျွန်တော်သစ္စာရှိရမဲ့ လူတစ်ယောက်"

"အဲ့တာပဲလား"

"မစ္စရန်"

"မင်း ကျင်းသခင်လေးအပေါ် ဒါပဲခံစားရတာလား ၊ စောင့်ရှောက်ပေးရမဲ့ လူတစ်ယောက်သာသာပဲလား "

"ကျင်းသခင်လေးက ကျွန်တော်စောင့်ရှောက်ရမဲ့ တစ်ဦးတည်းသာ လူပါပဲ"

ထိုစကားကို မစ္စရန်က သက်ပြင်းချသည်။သူမက စိတ်မောစွာဖြင့် G1 ကိုသာ ကြည့်နေမိသည်။

G1 နှင့် ပိုင်ကျင်းမှာ သူငယ်ချင်းများနှယ်ရင်းနှီးသည်ကို သူမ သိထားသည်။ သူမကိုယ်တိုင်လည်း ပိုင်ကျင်းနှင့် G1 ၏ အနားတွင်နေခဲ့၍ ၃ယောက်စလုံးမှာ မိသားစုများနှယ် ရင်းနှီးကျွမ်းဝင်ကြသေးသည်။

ပိုင်ကျင်းက အနေတည်ငြိမ်ကာ အေးဆေးသော်လည်း G1 ၏ ဂရုစိုက်မှုများ ၊ စောင့်ရှောက်မှုများက သူမကို သံသဃဝင်စေသည်။

ပိုင်ကျင်းအပေါ် အလွန်ဂရုစိုက်သော G1 ၌ ဖုံးကွယ်ထားသော အကြောင်းအရာများရှိနေလိမ့်မည်ဟုလည်း သူမ ထင်ထားပြီးသားဖြစ်သည်။

GRAYOnde histórias criam vida. Descubra agora